ငွေကြေး စီမံခန့်ခွဲမှုက
အခရာကျတယ်။
ကိုယ့်ရဲ့ တစ်လသုံးဝင်ငွေက
ကိုယ့်အချိန်နဲ့ လဲစရာမလိုတဲ့နေရာကဝင်တဲ့အခါ
ငွေကြေး လွတ်မြောက်မှုလို့တချို့ကဆိုတယ်။
အမှန်တော့ Passive အစစ်ဖြစ်တဲ့
Passive Income ဆိုတာ ရှားပါတယ်။
Website/ App တွေကဝင်ငွေဝင်ဖို့
ထိန်းသိမ်းရတယ်။
Social Media တွေက ဝင်ငွေဝင်ဖို့
Video တွေ၊ Post တွေတင်ရတယ်။
ငွေကိုငွေနဲ့ ပြန်ပွားဖို့
စျေးကွက် အတက်အကျကိုကြည့်ရတယ်။
ရင်းနှီးမြုပ်နှံထားတဲ့အရာတွေကို
အမြဲကြည့်နေရတယ်။
ကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်းရှိရင်
ဦးဆောင်သူတွေနဲ့ တစ်ပတ်တစ်ခါလောက်တော့
သွားနေတဲ့ strategic direction အတွက်
မီတင်လေး လုပ်ရသေးတယ်။
သေချာတာတစ်ခုက
ကိုယ်လုပ်တဲ့လုပ်ငန်းက Passive Income လို
ဝင်ဖို့အတွက် ကိုယ့် Passion ချစ်မြတ်နိုးမှုပေါ်
အခြေခံလေ ကောင်းလေပဲ။
ဒါဆို တကူးတက သွားစဉ်းစားနေစရာမလိုဘူး။
ကိုယ်မစဥ်းစားပဲ မနေနိုင်တဲ့အလုပ်တွေလုပ်။
Akyanpay
ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay