အချိန်ကိုပဲ ရောင်းလို့
ချမ်းသာတဲ့သူဆိုတာ
တော်တော်လေးရှားတယ်။
ငွေကြေးကြွယ်ဝမှုကိုတည်ဆောက်ဖို့
လုပ်ငန်း၊ အမှတ်တံဆိပ်၊ ပိုင်ဆိုင်မှုတစ်ခုလိုတယ်။
ဒီပိုင်ဆိုင်မှုက ကိုယ့်ကိုငွေရှာပေးနေရမယ်။
ဒါက ချမ်းသာကြွယ်ဝမှုရဲ့ အခြေခံပဲ။
ဒါဆို အချိန်မရောင်းရဘူးလားဆိုတော့
မဟုတ်ပြန်ဘူး။
ကိုယ့်ကိုယ် ပညာသင်ပေးနေရင်၊
ကိုယ့်ကို တိုးတက်နေစေတယ်ဆိုရင်၊
ကိုယ့်အချိန်နဲ့ ကိုက်ညီတဲ့ငွေရှာပေးနေတယ်ဆိုရင်၊
ကိုယ့်ကို ပျော်နေစေတယ်ဆိုရင်၊
ကိုယ့်အနာဂတ်မှာ လုပ်မည့်အလုပ်တွေအတွက်
ပြင်ဆင်မှုဖြစ်နေစေတယ်ဆိုရင်
လုပ်သင့်တာပေါ့။
ငွေဆိုတာ ဝင်လေ၊ သုံးမိလေပဲ။
ချမ်းသာကြွယ်ဝမှုတည်ဆောက်ဖို့
ငွေရှာပေးနေတဲ့
အမှတ်တံဆိပ်၊ စီးပွားရေး၊
ပိုင်ဆိုင်မှုလိုအပ်တယ်။
Phyo Paing