လူတွေ ကိုယ့်ကိုကိုယ် လိမ်နေတဲ့ ဘာသာစကား ရှိတယ်။
ဒါကို သိရင် — ကိုယ့်ကိုရော သူများကိုပါ ဖတ်တတ်သွားပါတယ်။
NLP မှာ Meta Model လို့ ခေါ်ပါတယ်။
လူတွေ စကားပြောတဲ့ အခါ
ဖျက်ပစ်တယ်။ ပုံပျက်စေတယ်။ ယေဘုယျ ပြောတယ်။
ဒီ ၃ ခု ကြောင့် အမှန်တရားက ပျောက်သွားတယ်။
ပထမ — Deletion (ဖျက်ပစ်ခြင်း)။
လူတွေ အရေးကြီးတဲ့ အချက်အလက်ကို
ချန်ထားခဲ့ပြီး ပြောတယ်။
“စိတ်ပျက်တယ်”
ဘယ်သူ့ကို စိတ်ပျက်တာလဲ။
ဘာကြောင့် စိတ်ပျက်တာလဲ။
ဘယ်အချိန်ကတည်းက စိတ်ပျက်တာလဲ။
“စိတ်ပျက်တယ်” ဆိုတဲ့ စကားထဲမှာ
အဖြေ မပါဘူး။ ခံစားချက်ပဲ ပါတယ်။
ဝန်ထမ်းက “အလုပ်ခွင် မကောင်းဘူး” ပြောတယ်။
ဘာ မကောင်းတာလဲ။ ဘယ်အပိုင်းလဲ။ ဘယ်သူကြောင့်လဲ။
မေးမှ တကယ့် ပြဿနာ ထွက်လာတယ်။
မမေးရင် “အလုပ်ခွင် မကောင်းဘူး” ဆိုတဲ့
အချက်နဲ့နဲ့ ရပ်သွားတယ်။
ဒုတိယ — Distortion (ပုံပျက်စေခြင်း)။
လူတွေ ဖြစ်ရပ်ကို ကိုယ့်ဘာသာ အဓိပ္ပါယ် ထပ်ဖြည့်တယ်။
“သူ ဖုန်းမကိုင်ဘူး” — ဒါ fact (အချက်အလက်)။
“သူ ကိုယ့်ကို ဂရုမစိုက်တော့ဘူး” — ဒါ distortion (ပုံပျက်)။
ဖုန်းမကိုင်တာနဲ့ ဂရုမစိုက်တာ မတူပါဘူး။
ဒါပေမယ့် ဦးနှောက်က ချက်ချင်း ချိတ်ဆက်လိုက်တယ်။
ပြီးရင် ဒါကို အမှန်တရားလို့ ယုံလိုက်တယ်။
Boss က အစည်းအဝေးမှာ ကိုယ့်ကို မမေးဘူး။
“Boss က ကိုယ့်ကို မတန်ဖိုးထားဘူး”
ဒါ distortion။
တကယ်က အချိန်မရလို့ ဖြစ်နိုင်တယ်။
မေးစရာ မရှိလို့ ဖြစ်နိုင်တယ်။
ဒါပေမယ့် ကိုယ်က “မတန်ဖိုးထားဘူး” ဆိုပြီး
တစ်ပတ်လုံး စိတ်ညစ်နေတယ်။
တတိယ — Generalization (ယေဘုယျ ပြောခြင်း)။
“အမြဲ” “ဘယ်တော့မှ” “လူတိုင်း” “ဘယ်သူမှ”
ဒီစကားလုံးတွေ ကြားတိုင်း သတိထားပါ။
“ဝန်ထမ်းတွေ ဘယ်တော့မှ နားမထောင်ဘူး”
ဘယ်တော့မှ ဆိုတာ တကယ်လား။
တစ်ခါမှ နားထောင်ဖူးတာ မရှိဘူးလား။
စစ်ကြည့်ရင် — “တစ်ချို့ အခါ နားမထောင်ဘူး” ဖြစ်နေတယ်။
“Client တွေ ဈေးချည်းပဲ ကြည့်တယ်”
Client အားလုံးလား။
တစ်ယောက်မှ တန်ဖိုး မကြည့်ဘူးလား။
စစ်ကြည့်ရင် — တစ်ချို့ client ပဲ ဖြစ်တယ်။
“ဘယ်တော့မှ” “အမြဲ” “လူတိုင်း” ဆိုတာ
ကိုယ့်ကိုကိုယ် လိမ်နေတဲ့ စကားလုံးတွေပါ။
ဒါဆို ဘယ်လို သုံးမလဲ။
ကိုယ့်ကိုကိုယ် စစ်ဖို့ —
“ငါ ဘာမှ မတတ်ဘူး” ပြောမိရင်
“ဘာမှ ဆိုတာ တကယ်လား။ တစ်ခုမှ မတတ်ဘူးလား” ပြန်မေးပါ။
“ဒါ ဘယ်တော့မှ မအောင်မြင်ဘူး” ပြောမိရင်
“ဘယ်တော့မှ ဆိုတာ ဘယ်လို သိလဲ” ပြန်မေးပါ။
သူများကို ဖတ်ဖို့ —
ဝန်ထမ်းက “အလုပ်ခွင် မကောင်းဘူး” ပြောရင်
“ဘယ်အပိုင်း မကောင်းတာလဲ” မေးပါ။
တကယ့် ပြဿနာ ထွက်လာပါမယ်။
Client က “ဈေးကြီးတယ်” ပြောရင်
“ဘာနဲ့ နှိုင်းယှဉ်ပြီး ကြီးတယ်လို့ ခံစားရတာလဲ” မေးပါ။
တကယ့် objection (ကန့်ကွက်ချက်) ထွက်လာပါမယ်။
Meta Model တတ်တဲ့သူ
စကားလုံးတွေ နောက်မှာ ဘာဖုံးကွယ်ထားသလဲ မြင်ပါတယ်။
ကိုယ့်ကိုကိုယ် လိမ်နေတဲ့ စကားလုံးတွေကိုလည်း ဖမ်းမိပါတယ်။
စကားလုံးတွေ ဖြိုပစ်လိုက်ရင် — အမှန်တရား ကျန်ပါတယ်။
အမှန်တရား ကျန်ရင် — ဖြေရှင်းလို့ ရပါတယ်။
Phyo Paing @ Derek