Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

စဉ်းစားကြည့်ကြည့်

ဘတ်တံနဲ့ ဘောလုံးက ၁၁၀၀၀ ကျပ်ကျတယ်။
ဘတ်တံက ဘောလုံးထက် ၁၀၀၀၀ ကျပ်ပိုတယ်။
ဘောလုံးစျေးနှုန်းက ဘယ်လောက်လဲ။
အရမ်းလွယ်တယ်ဟုတ်။
၁၀၀၀ ကျတာပေါ့လို့ဖြေလိမ့်မယ်။

ဒါက ကမ္ဘာကျော်စာအုပ်ဖြစ်တဲ့
Thinking fast and slow မှာ
Behavioral Economics Professor လဲဖြစ်
စာရေးဆရာလဲဖြစ်တဲ့ Daniel Kahneman က
System I နဲ့ System II
အလုပ်လုပ်ပုံကိုရှင်းပြတဲ့ဥပမာလေးဖြစ်ပါတယ်။

ပုံမှန် အော်တိုမစ်တစ်ချလိုက်တဲ့
ဆုံးဖြတ်ချက်တွေကို System I က
လုပ်ဆောင်တယ်။

တကယ်တွက်ချက်ပြီး ယုတ္တိကျကျ
သေချာစဉ်းစားရတာကို
System II က အလုပ်လုပ်တယ်။

တကယ့်အဖြေအမှန်က
ဘတ်တံ + ဘောလုံး = ၁၁၀၀၀ ကျပ်
ဘတ်တံ = ဘောလုံး + ၁၀၀၀၀ ကျပ် (ဘတ်တံက ဘောလုံးထက် ၁၀၀၀၀ ကျပ်ပိုများ)

ဒါဆို
ဘောလုံး + ၁၀၀၀၀ ကျပ် + ဘောလုံး = ၁၁၀၀၀ ကျပ်
၂ ဘောလုံး = ၁၁၀၀၀ – ၁၀၀၀၀
၂ ဘောလုံး = ၁၀၀၀
ဘောလုံး = ၅၀၀ ကျပ်

ဒါဘာများအရေးကြီးလို့လဲ
မေးကောင်းမေးလိမ့်မယ်။
ပြဿနာတချို့က System I နဲ့
ဖြေရှင်းလို့မရဘူး။

ဘတ်တံက ဘောလုံးထက် ၁၀၀၀၀ နဲ့ “ညီ”တယ်
ပြောတာမဟုတ်ပါ။
၁၀၀၀၀ “ပို” တယ်လိုပြောတာပါ။

System I နဲ့ သွားရင်
ရုတ်တရက် ညီတယ်လို စဉ်းစားမိမယ်။
System II နဲ့ စဉ်းစားမှ
ပိုတာကို စဉ်းစားနိုင်တယ်။

Phyo Paing @ Derek

Share Your Idea!​