စနစ်က ဂိမ်းပဲ။
ထိပ်ဆုံးရောက်တဲ့သူတွေက
စနစ်ရဲ့ ဂိမ်းကို ပလေးသွားတဲ့သူတွေပဲ။
နိုင်ငံတစ်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တွေကိုကြည့်
ဒါက အဲ့နိုင်ငံရဲ့ စီးပွားရေးစနစ်ကို
မြင်လိမ့်မယ်။
ထပ်ဆုံးရောက်တိုင်း
တော်လို့ တတ်လို့ ဟုတ်ချင်မှ ဟုတ်မယ်။
စနစ်ရဲ့ အထာကို နပ်လို့နဲ့၊
စနစ်နဲ့ အံဝင်ပြီး ကွက်တိဖြစ်သွားလို့လဲ
ဖြစ်ရင်ဖြစ်မယ်။
ဥပမာ ကျောင်းမှာ ဆရာမကို ဖားမှ
အဆင့်တစ်ရတာမျိုး။
ဒီစနစ်ကို ပုံဖော်တဲ့သူတွေရှိတယ်။
ထဲထဲဝင်ဝင် အသုံးချသူတွေရှိတယ်။
နည်းနည်းအသုံးချတဲ့သူတွေရှိတယ်။
စနစ်အလယ်က အသုံးချသူတွေရှိတယ်။
စနစ်ကြောင့်တိုင်ပတ်သူတွေရှိတယ်။
စနစ်ထဲက ကွင်းလုံးကျွတ်ထွက်သွားသူရှိတယ်။
ထွက်ချင်သူတွေရှိတယ်။
တိုက်ပွဲဝင် အာခံ
တွန်းလှန်တဲ့သူတွေရှိတယ်။
အမေရိကားက အမေရိကားစနစ်၊
တရုတ်က တရုတ်စနစ်၊
အာရှက အာရှစနစ်။
စနစ်ရဲ့ သားကောင်
အမှားတစ်ထောင်ဖြစ်ရင်ဖြစ်မယ်။
စနစ်ရဲ့ မုဆိုး
အမဲလိုက်သမား ဖြစ်ရင်ဖြစ်မယ်။
ဘယ်လိုပဲဖြစ်ဖြစ်
ကိုယ်ဘယ်စနစ်မှာ ကျင်လည်နေလဲ
ဂိမ်းအကြောင်း နားလည်ဖို့တော့လိုတတ်တယ်။
အလုပ်လဲကြိုးစား၊
ဂိမ်းအကြောင်းလဲ တီးမိခေါက်မိအောင်လုပ်မိဖို့
လိုကောင်းလိုနိုင်တယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay