လုပ်ပြီးသားအရာတွေ အသစ်ကပြန်စဥ်းစားပြီး
ထပ်ခါထပ်ခါ လုပ်စရာမလိုအောင်
စနစ်ဆိုတာ ဖြစ်လာတာ အားတီ၊ အားမေတို့။
နိုင်ငံတစ်နိုင်ငံလည်ပတ်ဖို့ political system လိုတယ်။
နိုင်ငံစီးပွားရေးလည်ပတ်ဖို့ economic system လိုတယ်။
လုပ်ငန်းတစ်ခုလည်ပတ်ဖို့ business system လိုတယ်။
လူတစ်ယောက် စာဖတ်မြန်ဖို့ reading system လိုတယ်။
လုပ်ငန်းတစ်ခုဆိုတာ လုပ်ငန်းဆောင်တာတွေ
အများကြီးနဲ့ ဖွဲ့စည်းထားတာ။
ဖောက်သည်တွေကိုဆွဲဆောင်ဖို့ Marketing System
စုံစမ်းမှုတွေကို ရောင်းဖို့ Sales System
ဖောက်သည်တွေ စိတ်ကျေနပ်ဖို့ Service Delivery System
ငွေကြေးစီမံခန့်ခွဲဖို့ Financial Planning System
လူသားရေးရာစီမံခန့်ခွဲဖို့ HR System လိုတယ်။
စနစ်ဆိုတာ ချရခက်တယ်ဆိုတာ
စနစ်ကို နားမလည်သေးလို့လို့ ယူဆတယ်။
စနစ်ဆိုတာ ထပ်ခါထပ်ခါ လည်ပတ်လို့ရတဲ့
repeatable process ကိုပြောတာ။
ဥပမာ ကိုယ်လုပ်ငန်းမှာ ဝန်ထမ်းရေးရာ
စီမံခန့်ခွဲမှုစနစ်ဆိုတာ
၁။ လုပ်ငန်းရဲ့ ဝန်ထမ်းလိုအပ်ချက်ကို ချိန်ဆမှု
၂။ လိုချင်တဲ့ ကျွမ်းကျင်မှုရှိတဲ့ဝန်ထမ်း
အလုပ်လာလျှောက်အောင် ဆွဲဆောင်ဖို့
၃။ လာလျှောက်တဲ့ဝန်ထမ်းကို အင်တာဗျူးလုပ်
ခန့်သင့်မခန့်သင့် အကဲဖြတ်ဖို့
၄။ အစမ်းခန့်ကာလဘယ်လောက်၊ ဘာတွေလုပ်ရမယ်
ဘယ်လောက်ပေးမယ် ငြိနှိုင်းပြီး
အလုပ်ခန့်စာထုတ်ပေးမှု
၅။ လုပ်ငန်းအကြောင်းရှင်းပြပြီး
အလုပ်အတွက် သင်ကြားပေးမှု
၆။ အလုပ်လုပ်တဲ့အခါ သတ်မှတ်တဲ့
ပြီးမြောက်မှုတွေရှိဖို့
KPI (Key Performance Indicator) ဆိုတာ
ဒီအလုပ်ပြီးမပြီးတိုင်းတာ
ဥပမာ အရောင်းသမားတစ်ယောက်
တစ်ရက်ကို ဆိုင်နှစ်ဆယ်ကို
သွားပြီး ကုန်ပစ္စည်းအကြောင်းပြောပြရမယ်ဆိုပါတော့
ဒါကို ပြီးမြောက်အောင်လုပ်ဖို့။
Content Marketer တစ်ယောက်
တစ်လကို content အပုဒ်နှစ်ဆယ်ရေးရမယ်
ဒါက KPI ကို အရည်အတွက်နဲ့တွက်တာ။
၇။ လုပ်နေတဲ့အလုပ်တွေ လမ်းမှန်လား
သောက်တလွဲဖြစ်နေလားကို ပြန်လည်ဆန်းစစ်
သုံးသပ်ပြောကြားတဲ့အဆင့်
ဒီလိုအဆင့်တွေကို ဘယ်အချိန်မှာ
ဘာကို ဘယ်လိုလုပ်ရမယ်ဆိုတာပြောတာကို
စနစ်လို့ခေါ်တယ်။
ကိုယ်တိုင်ကလေးဘဝကလဲ
စောက်တလွဲအတွေးအခေါ်တွေနဲ့
စနစ်မလိုဘူးဘာညာထင်ခဲ့ဖူးတယ်။
KPI ဆိုတာ ကုမ္ပဏီကြီးတွေပဲ
လုပ်နိုင်တာ ထင်ခဲ့ဖူးတယ်။
စနစ်မရှိရင် ကြက်ဥကောင်းကြော်တာတောင်
အဆင်ဖြေဖို့မလွယ်ဘူး အားတီ၊ အားမေတို့။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay