Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

စမ်းသပ်ရမှာ မကြောက်ပါနဲ့။

ကိုယ့်ကိုကိုယ် အစမ်းသပ်ခံတဲ့
လူတစ်ယောက်လိုပဲ စဉ်းစားတယ်။

စိတ်ညစ်မရာတွေ မရှိသလောက်နဲ့
ဘဝကို အရသာရှိရှိဖြတ်သန်းဖို့
ဖြစ်နိုင်မလား စမ်းသပ်ကြည့်တယ်။

ဥာဏ်မကောင်းဘူးလို့ ကိုယ့်ကိုကိုယ်
ထင်နေတဲ့ သူတစ်ယောက်က
နည်းစနစ်မှန်မှန်လေ့ကျင့်ရင်
ဥာဏ်ကောင်းတာ၊ စာဖတ်မြန်တာ
လုပ်လို့ရသလား စမ်းသပ်ကြည့်တယ်။

၄၊၅ နှစ်အတွင်း ပညာတစ်ခု
လေ့လာပြီး ဆရာကျအောင်
လုပ်လို့ရမလား စမ်းသပ်ကြည့်တယ်။

ကိုယ်မပါပဲ ကိုယ့်ကို passive income
ပုံစံမျိုးရှာပေးလို့ရတဲ့ လုပ်ငန်း
တည်ဆောက်လို့မရလား စမ်းကြည့်တယ်။

မြန်မာစကားပီအောင်မပြောတတ်လဲ
Trainer တို့၊ Public Speaker တို့
လုပ်လို့ရမလား စမ်းသပ်ကြည့်တယ်။

Content Marketing ကနေ
Content Inc လို Business တည်ဆောက်လို့ရမလား
စမ်းသပ်ကြည့်တယ်။

စာကောင်းကောင်းမရေးတတ်ပဲ
စားလုံးပေါင်းအမှားမှား၊
စကားမကြွယ်ပဲ blogging မှာ
နေရာတစ်ခုရနိုင်မလား စမ်းကြည့်တယ်။

ဖက်တီးပုတ် ကနေ fit ဖြစ်အောင်
အချိန်တိုအတွင်း ဝိတ်ချပြီး
Fit ဖြစ်အောင် strength တက်အောင်
လုပ်လို့ရမလား စမ်းသပ်ကြည့်တယ်။

မြန်မာပြည်မှာ Zoom တစ်ခုတည်းနဲ့
တစ်ပတ်ကို ကိုယ် Coach လုပ်ပေးချင်တဲ့
လုပ်ငန်းရှင် ၁၅ ယောက်ကို
Virtual coaching လုပ်လို့ရမလား
စမ်းသပ်ကြည့်တယ်။

ကိုယ်အသုံးပြုနေတဲ့ planning tools ကို
Website တစ်ခုနဲ့ လုပ်ပြီး
Subscription model နဲ့
ကူညီပေးလို့ရမလား စမ်းသပ်ကြည့်တယ်။

တစ်ရက်စာတစ်အုပ်ဖတ်လို့ရမလား
စမ်းသပ်ကြည့်တယ်။

ဒီလို စမ်းသပ်မှုတွေ
မပြောဖြစ်တာ၊ လုပ်နေတာ
အများကြီးရှိသေးလို့
ထပ်ပြောပြချင်သေးတယ်။

စမ်းသပ်မှုတွေက ကျွန်တော့်ဘဝကို
နောက်တစ်ဆင့်ရောက်စေခဲ့တယ်။

စမ်းသပ်ရမှာ မကြောက်ပါနဲ့။

Phyo Paing @ Derek

Share Your Idea!​