လူတိုင်းမှာ ဘဝ စမှတ်ချင်းမတူကြဘူး။
တချို့တွေက အားသာမှုတွေနဲ့မွေးကြတယ်။
တချို့က ချမ်းသာတဲ့မိသားစုကပေါက်ဖွားတယ်။
တချို့က ပညာတတ်မိသားစုက။
တချို့က ငယ်ငယ်က
ကျောင်းကောင်းကောင်းတတ်ရတယ်။
တချို့ကလဲ ဘဝပေးကံ မကောင်းခဲ့ဘူး။
ဘဝပေးကံဆိုတာ ပေးထားချက်ပဲ။
ပေးထားချက် ပုစ္ဆာပေါ်မူတည်ပြီး
သွားချင်တဲ့ပန်းတိုက်ရောက်အောင်
သွားနိုင်တာက ပညာပဲ။
တချို့က လုပ်ငန်းစကတည်းက
အိမ်က သိန်းသောင်းဂဏန်းထုတ်ပေးတာလဲရှိမယ်။
တချို့က ချေးငှါးပြီးစရတာလဲရှိမယ်။
အတွေ့အကြုံတွေမတူကြဘူး။
ဒါကလဲ ပြောသလောက်အရေးမကြီးဘူး။
လူအများစုက သူကတော့
ဝတ်ကောင်းစားလှနဲ့ ဓာတ်ပုံလှလှရိုက်
ကားကောင်းကောင်းနဲ့
အိမ်ကောင်းကောင်းမှာနေတယ်။
သူပျော်နေမှာပဲလို့ ဘေးလူအမြင်နဲ့မြင်တယ်။
ကိုယ့်ဘေးမှာ supermodel
ငါးယောက်လောက်ဝိုင်းနေပြီး
beach မှာ လေပြည်လေးခံနေပေမယ့်
ဗိုက်အောင့် ဝမ်းလျှောနေတဲ့အခါ
သာယာမှုဆိုတဲ့ experience ခံစားဖို့
မလွယ်ကူဘူး။
ဘဝဆိုတာ အဲ့လိုပဲ။
Supermodel ငါးယောက်နဲ့ သာယာနေတာပဲ
အပြင်လူတွေက မြင်ကောင်းမြင်မယ်။
ဗိုက်အောင့်ဝမ်းလျှောနေတာ
မြင်ချင်မှ မြင်လိမ့်မယ်။
ဒါကြောင့် စမှတ်တွေမတူတဲ့အတွက်
နှိုင်းယှဉ်ပြီး ဘဝကို အပြစ်မပုံချလိုက်မိဖို့လိုတယ်။
စမှတ်ကို ကိုယ်သတ်မှတ်လို့မရပေမယ့်
ဆုံးမှတ်ကိုတော့ ကိုယ်ထိန်းချုပ်လို့ရနိုင်တယ်။
Phyo Paing @ Derek