လူတိုင်းမှာ ဘဝ စမှတ်ချင်းမတူကြဘူး။တချို့တွေက အားသာမှုတွေနဲ့မွေးကြတယ်။ တချို့က ချမ်းသာတဲ့မိသားစုကပေါက်ဖွားတယ်။တချို့က ပညာတတ်မိသားစုက။တချို့က ငယ်ငယ်က ကျောင်းကောင်းကောင်းတတ်ရတယ်။တချို့ကလဲ ဘဝပေးကံ မကောင်းခဲ့ဘူး။ ဘဝပေးကံဆိုတာ ပေးထားချက်ပဲ။ ပေးထားချက် ပုစ္ဆာပေါ်မူတည်ပြီးသွားချင်တဲ့ပန်းတိုက်ရောက်အောင်သွားနိုင်တာက ပညာပဲ။ တချို့က လုပ်ငန်းစကတည်းက အိမ်က သိန်းသောင်းဂဏန်းထုတ်ပေးတာလဲရှိမယ်။တချို့က ချေးငှါးပြီးစရတာလဲရှိမယ်။အတွေ့အကြုံတွေမတူကြဘူး။ ဒါကလဲ ပြောသလောက်အရေးမကြီးဘူး။ လူအများစုက သူကတော့ ဝတ်ကောင်းစားလှနဲ့ ဓာတ်ပုံလှလှရိုက်ကားကောင်းကောင်းနဲ့ အိမ်ကောင်းကောင်းမှာနေတယ်။သူပျော်နေမှာပဲလို့ ဘေးလူအမြင်နဲ့မြင်တယ်။ ကိုယ့်ဘေးမှာ supermodel ငါးယောက်လောက်ဝိုင်းနေပြီး beach မှာ လေပြည်လေးခံနေပေမယ့်ဗိုက်အောင့် ဝမ်းလျှောနေတဲ့အခါ သာယာမှုဆိုတဲ့ experience ခံစားဖို့မလွယ်ကူဘူး။ ဘဝဆိုတာ အဲ့လိုပဲ။ Supermodel ငါးယောက်နဲ့ သာယာနေတာပဲအပြင်လူတွေက မြင်ကောင်းမြင်မယ်။ဗိုက်အောင့်ဝမ်းလျှောနေတာ မြင်ချင်မှ မြင်လိမ့်မယ်။ ဒါကြောင့် စမှတ်တွေမတူတဲ့အတွက်နှိုင်းယှဉ်ပြီး ဘဝကို အပြစ်မပုံချလိုက်မိဖို့လိုတယ်။စမှတ်ကို ကိုယ်သတ်မှတ်လို့မရပေမယ့်ဆုံးမှတ်ကိုတော့ ကိုယ်ထိန်းချုပ်လို့ရနိုင်တယ်။
Earn & Learn
ဒီနေ. ကိုယ်လုပ်လိုက်တဲ့အလုပ်ဟာ အနာဂတ်မှာ ဘယ်လိုအထောက်အကူပြုမလည်း။ လုပ်သက်များရင် လစာငွေများမယ်လို၊ အတွေးထဲရောက်လာကြတယ်၊ လုပ်သက်ကြာဖို့အတွက် အလုပ်လုပ်တယ်။ အမှန်တော. လစာငွေဆိုတာ အသက်မွေးဝမ်းကျောင်းအတွက်သာဖြစ်တယ်။ “You are just making a living.” ကျွန်တော်. အမြင် Earn လုပ်နေရုံနဲမရပါဘူး။ ရေရှည်အတွက် L တစ်လုံးပိုထည်.ပြီး Learn လည်းလုပ်ဖို.လိုပါမယ်။ ဒါမှ Making a Living မှ Making a Fortune ဆိုတာ ဖြစ်လာပါမယ်။ ငါဒီနေ. လုပ်နေတဲ.အလုပ်က မနက်ဖြန် သို. အနာဂတ်အတွက် အချိန်ကုန်ဘယ်လောက်သက်သာစေမလည်း။ အထောက်အကူ ဘယ်လောက်ဖြစ်စေသလည်း။ ကိုယ်.အိမ်မက်အတွက် ဘယ်လောက်အထောက်အကူ ဖြစစေသလည်း။ အချိန်နဲ. ငွေ တိုက်ရိုက်လည်းလှယ်နေရတယ် Learn လုပ်ခွင်. မရှိတဲ. ပတ်ဝန်းကျင်မှာ ထပ်နေဖို. သေချာပြန် စဉ်းစားပါ။ အချိန်ဆိုတာ အားလုံးတူညီစွာရထားတဲ. တန်ဖို.အရှိဆုံး commodity တစ်ခုဖြစ်ပါတယ်။
ဘဝမှာ တွေဝေနေဖို့ အချိန်မရှိဘူး
လုပ်ချင်တဲ့အရာတစ်ခုကို အသက်အရွယ်တစ်ခုမှာ မလုပ်လိုက်ရတဲ့အတွက် အချိန်တစ်ခုရောက်မှ နောင်တရတတ်ကြတယ်။ နောင်တဆိုတာ ငါအဲ့တုန်းက ဒါကို မလုပ်ခဲ့ရင်ကောင်းမှာပဲ၊ ဒါမှမဟုတ် အဲ့တုန်းက ဒါကို လုပ်ခဲ့ရမှာဆိုတာပြန်စဥ်းစားပြီး တနှုံ့နှုံဖြစ်တယ်။ ငယ်တုန်းမှာ သွားချင်တဲ့နေရာသွား၊ ကိုယ့်စိတ်ထဲမှာ တစ်ခုခုလုပ်ချင်ရင် ကိုယ့်အတွက်လဲ ရေရှည်ဒုက္ခမရောက်ဘူး၊ သူတပါးလဲ မထိခိုက်သွားဘူးဆိုရင် လုပ်သာလုပ်ချလိုက်။ သူငါ့ကို ဘယ်လိုထင်နေမလဲ သိပ်စဥ်းစားမနေနဲ့။ မဟုတ်လဲ ဘဝက တိုတိုလေးပဲ။ မြန်မာပြည်မှာ အသက် ၇၀ ကျော်လောက် နေရမှာ သက်တမ်းက ရက်ပေါင်း ၂၅၀၀ ကျော်ကျော်လေးနေရတာ။ အသက်သုံးဆယ်ဆိုရင်ကို ရက်ပေါင်း ၁၀၉၅၀ လောက်နေပြီးပြီ။ ဒါကြောင့် ဘဝမှာ တွေဝေနေဖို့ အချိန်မရှိဘူး။ လုပ်ချင်ရင် ထလုပ်လိုက်။ ပြောချင်တဲ့စကားကို ပြောချင်တဲ့သူကို ပြောလိုက်။ အလုပ်ဖြစ်ရင် Good.. အလုပ်မဖြစ်ရင် move on.. လူအများစုက ကိုယ်မလုပ်လိုက်တာကို နောင်တပိုရတတ်တယ်တဲ့။ In the end, we only regret the chance we didn’t take တဲ့။
ဘဝကို အကြည်ဓာတ်အပြည့်နဲ့ဖြတ်သန်းဖို့
၁။ တစ်ခုခုဆို တည့်ဒိုးပြော။ အဆင်ပြေရင် ပြေတယ်။ မပြေရင်မပြေဘူး။ အိညောင်၊ အိညောင်မလုပ်နဲ့။
၂။ ဘူကောင်တွေကို ရှောင်။ ပျော်လဲမပျော်၊ အမြဲလဲစိတ်တိုင်းမကျ၊ မလိုချင်တာတွေပဲမြင်တဲ့ ဘူပိတ်နေတဲ့သူ။
၃။ ကိုယ့် personal နဲ့ အလုပ်ကိုခွဲထား။ ကိုယ့် personal ကို ဝင်ရောက်အစွက်ဖက်မခံနဲ့။
၄။ ကိုယ့်အလုပ်ကို သေချာ design လုပ်။
၅။ ကိုယ်နဲ့အလုပ်လုပ်တဲ့သူတွေကိုသေချာ ဂရုပြု။ အဖြစ်လုပ်ပြီး အလုပ်မဖြစ်တဲ့သူတွေကိုရှောင်။
၆။ ကိုယ်သွားနေတဲ့ ရည်မှန်းချက်ပန်းတိုင်းမကျ၊ လူမလေးခွေးမခန့်။
၇။ ဘာလုပ်လုပ် အကန့်ခြားထား။ Boundaries လိုတယ်။ မဟုတ်ရင် လူမလေး၊ ခွေးမခန့်။
Phyo Paing @ Derek