ရွေးချယ်စရာ မများလို့။ 
ဥပမာ ကိုယ်က အခုချိန်မှာ 
ကြိုက်တဲ့နိုင်ငံကို ပြောင်းပြီး
နေလို့ ရတဲ့ ရွေးချယ်မှု
ရှိတယ်ဆိုပါတော့။ 
ဒါမှ မဟုတ် ကိုယ်လိုချင်တာကို 
လိုချင်တဲ့အချိန်မှာ ကောက်ဝယ်လို့ရတဲ့
ရွေးချယ်မှုရှိတယ်ဆိုပါတော့။ 
ဒီတော့ ဒီလို ရွေးချယ်မှုတွေများဖို့ 
လူတွေ ပိုက်ဆံရှာကြတယ်။ 
ပိုက်ဆံက တော်တော်များများကို 
ဖြေရှင်းပေးနိုင်တာ မှန်တယ်။ 
နောက်တစ်ခုကတော့ ရွေးချယ်မှုတွေ
များအောင် ကူညီပေးနိုင်တဲ့အရာက
ပညာနဲ့ သတင်းအချက်အလက်ပဲ။ 
ကိုယ်က ငွေကြေးချမ်းသာနေပါစေအုံး။
သတင်းအချက်အလက်မရှိရင်
ရွေးချယ်စရာနည်းနေနိုင်တယ်။ 
တချို့ စွန့်ဦးတီထွင်တွေက 
နိုင်ငံတကာသွားလို့ရတဲ့ passport တစ်ခုရှိပြီး
နေချင်တဲ့နေရာမှာ PR လိုမျိုးလုပ်လာကြတယ်။ 
ဘဝမှာ အသက်ကြီးလာလေ
ငွေပိုရှာ၊ အတွေးအခေါ်ပိုရှိလာလေ
ရွေးချယ်နိုင်မှု ပိုများလေဖြစ်လာရမယ်။
Phyo Paing @ Derek