Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

စဥ်းစားတယ်ဆိုတာ

လွယ်ကူတဲ့အလုပ်မဟုတ်ဘူး။
ဒါကြောင့်လူအများစုက
ဝေဖန်မှုတွေပဲလုပ်ကြတယ်လို့ကြားဖူးလိမ့်မယ်။

စဥ်းစားတယ်ဆိုတာ မလွယ်ကူပါဘူး။
အထူးသဖြင့် ခေါင်းသုံးပြီး
ရည်ရွယ်ချက်ရှိရှိ စဥ်းစားတာမျိုးပေါ့။
ဒါိကို intentional thinking လို့ခေါ်ပါတယ်။

သူနဲ့ပြောင်းပြန်ကတော့
automatic thinking လို့ခေါ်တယ်။
အထင်အမြင်နဲ့ တခါတည်းကောက်ချက်ချလိုက်တာမျိုး။

နောက်ပြီး လူတွေကဘက်လိုက်တတ်တဲ့
အတွေးတွေ ရှိတတ်ကြတယ်။
သတိမမြင် ဂူမမြင်ဆိုသလို။
ကိုယ်ယုံကြည်တာကို သက်သေပြဖို့
ကြိုးစားတဲ့ confirmation bias လိုမျိုး။

တွေးတတ်၊ ခေါ်တတ်ဖို့အတွက်
အတ္တကို ဘေးချရတယ်။
ကိုယ်ထင်တာအကုန် မမှန်နိုင်ဘူးဆိုတာ
နှလုံးသွင်းဖို့လိုတယ်။
မှားနေရင် ပြင်ဖို့လိုတယ်။
ဒီလို လုပ်နိုင်ဖို့က
ငါက ငါ့အတွေးမဟုတ်ဘူး။
ငါက ငါ့လုပ်ရပ်မဟုတ်ဘူး။
ဒီလို ကွဲကွဲပြားပြားသိရမယ်။

မှားရင်မှားမှန်းသိပြီး ပြင်နိုင်ဖို့လိုတယ်။
ဒါကို ပျော့ပျောင်းတဲ့ စိတ်ရှိဖို့လိုတယ်။

တချို့သူတွေ သေခြင်းတရားနဲ့နီးသွားတဲ့အခါ
လောကကို မြင်တဲ့အမြင်တွေ
ပြောင်းသွားသလိုမျိုး။

လူတွေက အခြေအနေတွေကြောင့်လဲ
လောကအမြင်တွေ ပြောင်းသွားတတ်တယ်။

စူးစမ်းလိုစိတ်ရှိဖို့လိုတယ်။
စူးစမ်းလိုစိတ်ဟာ ပညာသင်တဲ့နေရာမှာလဲ
အထောက်အကူပြုတယ်။
စူးစမ်းလိုစိတ်ဟာ ပြဿနာဖြေရှင်းရာမှာ
သင်ယူရာမှာ၊
အဖြေရှာရာမှာလဲ အထောက်အကူပြုတယ်။

စဥ်းစားတတ်တဲ့အခါ၊
သင်ယူလေ့လာတတ်တဲ့အခါ
ကိုယ်သိချင်တာ၊ နားလည်ချင်တာတွေကို
တိတိကျကျ ရှင်းရှင်းလင်းလင်းနားလည်လာမယ်။
ကြားဖူးနားဝဆိုတာတွေကို
ကျော်လွှားသွားနိုင်မယ်။
အမြင်မကျဥ်းတော့ဘူး။
လူတွေကို လက်ခံလာနိုင်မယ်။

ဝေဖန်ကဲ့ရဲ့၊ ဘဝကိုအပြစ်တင်တတ်တာ
နည်းလာမယ်။
တခြားသူနဲ့ နှိုးယှဥ် စိတ်ညစ်တာတွေနည်းလာမယ်။

တကယ်တမ်းစဥ်းစားကြည့်ရင်
အရင်နှစ်နှစ်ထောင်ကျော်ကထက်
အခုက ပိုပြီး ခန္ဓာကိုယ်
သက်သောင့်သက်သာနေရတယ်။
ဒါပေမယ့် စိတ်သက်သောင့်သက်သာ
ရှိမှုကတော့ ပိုမလာဘူး။

ဘာကြောင့်လဲဆိုတော့ ရုပ်ဝတ္ထုတွေ
တိုးတက်လာတယ်။
ရေလာတယ်။ မီးရတာ။
တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဖို့
အင်တာနက်ရှိတယ်။
ပူရင် အဲကွန်းရှိတယ်။
ဒါပေမယ့် လူတွေဘဝကို
ကျေးဇူးတင်ဖို့ မေ့နေတတ်ကြတယ်။

ဘဝမှာ ရည်ရွယ်ချက်ရှိရှိ
တွေးတတ်ဖို့ အရေးကြီးတယ်။

Phyo Paing @ Derek

Share Your Idea!​