၁။ Lateral Thinking
ဖြာထွက် စဥ်းစားခြင်း
၂။ Critical Thinking
စဥ်းစားမှုအပိုင်းမှာ ယုတ္တိကျမကျ
အမှာရှာခြင်း
၃။ First Principle Thinking
ကိုယ့်ယူဆချက်တွေ အားလုံးကို
မေးခွန်းထုတ်ပြီး
ပြဿနာကို အစက ပြန်လည်ဖြေရှင်းခြင်း
၄။ Systems Thinking
စနစ်တစ်ခုအနေနဲ့ ချိပ်ဆက်ပြီး
စဥ်းစားခြင်း
၅။ Abstract Thinking
ပြဿနာကို အဓိပ္ပာယ်တစ်ခုပေးပြီး
မလိုအပ်တာတွေကို ဖယ်ထုတ်
အယူအဆတစ်ခုဖန်တီးပြီးစဥ်းစားခြင်း
၆။ Associative Thinking
ဆက်စပ်စဥ်းစားခြင်း
၇။ Analytical Thinking
ခွဲခြမ်းစိတ်ဖြာစဥ်းစားခြင်း
ဆရာဝန်တစ်ယောက်အနေနဲ့
လူနာတဲ့တွေ့တဲ့အခါ
အထင်အမြင်နဲ့ ဆေးကုလို့မရဘူး။
သတင်းအချက်အလက်
တတ်နိုင်အမျှ အကုန်ယူရတယ်။
မေးရတယ်။
ကြည့်ရတယ်။
စမ်းရတယ်။
ဒီ မေးကြည့်စမ်းလုပ်တာကို
History taking, Observing signs and symptoms,
Physical examination လို့ခေါ်တယ်။
ပြီးရင် အရင်းအမြစ်ရှာခြင်း
Root cause analysis ကိုလုပ်ဖို့
Analytical thinking ဆွဲခြမ်းစိတ်ဖြာ
စဥ်းစားခြင်းလုပ်ရတယ်။
ဥပမာ ဗိုက်ရဲ့ ချက်အလယ်တည့်တည့်
နာတယ်ဆိုပါတော့။
လေနာတာ ဆိုပြီး အလွယ်မပြောလိုက်ပဲ။
မေးခွန်းတွေမေးရတယ်။
ဘယ်လိုနာသလဲ၊ တစ်ခုတည်းနာသလား၊
တစ်ပြင်လုံးနာသလား၊ နာတာက ပေါ်လိုက်
ပျောက်လိုက်မလား၊ အမြဲနာနေသလား၊
အတွင်းထဲကနာသလား၊ အပြင်ကနာသလား၊
ဘယ်လိုလုပ်လိုက်ရင် ပျောက်သွားသလဲ၊
ဘယ်လိုလုပ်လိုက်ရင် ပိုနာသလဲ
အစရှိတဲ့ မေးခွန်းတွေ မေးရတယ်။
ဒီမေးခွန်းတွေမေးတာကို ဖြာထွက်တွေးခြင်း
မေးခွန်းတွေလို့ခေါ်တယ်။
ဘာလို့မေးလဲဆိုရင် ဆရာဝန်တွေက
ဗိုက်ကို ဗိုက်တစ်ခုတည်းလို့မမြင်ဘူး။
ဗိုက်ကို အပိုင်း ၉ ပိုင်းခွဲထားတဲ့
9 quadrants လို့်မြင်တယ်။
Marketing မှာစဥ်းစားရင် STP
Segmentation စဥ်းစားသလိုပေါ့။
ပြီးမှ Targeting နဲ့ Positioning လုပ်တယ်။
နောက် ပြဿနာကိုသိအောင်
စစ်ဆေးမှုတွေလုပ်တယ်။
Lab test တွေရဲ့ရလဒ်ပေါ်မူတည်ပြီးမှ
treatment plan ပေးတယ်။
ဒီနောက်မှာ follow-up လုပ်တဲ့အခါ
ကိုယ့် treatment plan အလုပ်ဖြစ်မဖြစ်
ရောဂါရဲ့ ပျောက်ကင်းမှုနှုန်း prognosis
ကောင်းမကောင်းပြန်ကြည့်တယ်။
ဆရာဝန်ဆိုတာ မျက်ကန်းတစ္ဆေ
မျက်စိမှန်ပြီး စဥ်းစားကုတာထက်
Evidence-based medicine
အထောက်အထားအခြေပြု
ဆေးပညာကိုအသုံးပြုကြတယ်။
ဆရာဝန်ကို အနောက်တိုင်းမှာ
consultant လို့ခေါ်တယ်။
ဒီ စဥ်းစားပုံနစ်စတွေဟာ
ကျွန်တော့်ဘဝ၊ လုပ်ငန်းနယ်ပယ်မှာ
အများကြီး အထောက်အကူပြုတယ်။
ဒါကြောင့် ကိုယ်ပညာရပ်တစ်ခုသင်ပြီး
အလကားဖြစ်သွားတယ်ဆိုတာ
လုံးဝ ဟုတ်ကိုမဟုတ်ဘူး။
ဒီပညာတွေမှာ ဆုံမှတ်ဆိုတာရှိတယ်။
စတိဂျော့ Steve Jobs ပြောသလိုပေါ့။
You can only connect the dots
by going backwards တဲ့။
ဆေးပညာနဲ့ ပတ်သက်တဲ့အလုပ်
ဒီတစ်သက် မလုပ်တော့ဘူးလို့
ဘယ်သူပြောနိုင်မလဲ။
မဟုတ်ဘူးလား။
ဆေးကုမှ မဟုတ်ဘူး။
Telemedicine, Anti-aging,
Biohacking လုပ်လို့ရတာအများကြီးရှိတယ်။
သောက်တလွဲအတွေးအခေါ်တွေကြားမှာ
မရှင်သန်ဖို့ အရေးကြီးတယ်
အားတီ၊ အားမေတို့။
Phyo Paing @ Derek