စာဖတ်တိုင်းအောင်မြင်ရင်
စာဖတ်တာကြိုက်လွန်းလို့
စာကြည့်တိုက်မှူးအလုပ်လုပ်တဲ့သူတွေ၊
စာအုပ်ဆိုင်ဖွင့်ထားတဲ့သူတွေ “အကုန်”
အရမ်းအောင်မြင်နေမှာပေါ့။
ကိုယ့်ရည်မှန်းချက်ကဘာလဲ၊
ဘာစာဖတ်လဲ၊
ဘယ်လိုဖတ်သလဲ၊
ဦးနှောက်ထဲဘယ်လောက်ဝင်လဲ၊
ဘယ်လောက်ပြန်အသုံးချလဲ၊
အသုံးချတဲ့အပေါ် ဘယ်လောက်ပြန်သုံးသပ်လဲ၊
သုံးသပ်ပြီး အပြုအမူကိုဘယ်လိုပြန်ပြင်သလဲ။
ဒီအချက်တွေ အပေါ်မူတည်ပြီး
ကိုယ့်ရဲ့ ဘဝလားရာကွာသွားတာ။
စာဖတ်တယ်ဆိုတာ
ကိုယ့်ရည်မှန်းချက်ရောက်အောင်သွားမည့်
နည်းလမ်းကောင်းတွေ လိုက်ရှာတာ။
အမြင်သစ်တွေ လိုက်ရှာတာ။
လုပ်ရပ်အသစ်တွေ လုပ်ဖို့လိုက်ရှာတာ။
ဒါကတော့ သုတစာပေအတွက်။
ဘယ်သူ့မှ စော်ကားလိုစိတ်မရှိပါ။
ကျွန်တော့်အမြင်လေးပြောပြတာပါ။
Phyo Paing @ Derek