ရှင်းပြ ပါရစေ။
တချို့က စာဖတ်ရင် တစ်အုပ်ထဲကိုပဲ
အထပ်ထပ် အခါခါ ဖတ်။
ဒီလို အယူအဆရှိတယ်။
တချို့က စာအုပ်ကိုမဖတ်နဲ့။
လူတချို့ကိုပဲ လေ့လာ။
တချို့က စိတ်ဝင်စားတာကိုပဲဖတ်။
တချို့က ဖတ်လေ ကောင်းလေ။
ဘယ်လိုပဲ လုပ်လုပ်ပါ။
အားလုံးကကောင်းတယ်။
လူတိုင်းက ကိုယ်လုပ်နိုင်တာ
ကိုယ်နဲ့ ကိုက်တာကိုအကြံပေးကြတယ်။
စာဖတ်တာက စာဖတ်တာတင်မဟုတ်ဘူး။
စိတ်ညစ်နေရင် စာဖတ်လို့မရဘူး။
အာရုံတွေ ထွေပြားနေရင်လဲ
စာဖတ်လို့ မလွယ်ပြန်ဘူး။
စိတ်ညစ်နေရင်လဲ စိတ်မပါရင်
စာဖတ်လို့ အဆင်မပြေပြန်ဘူး။
စာဖတ်တယ်ဆိုတာ
၁။ သိချင်တဲ့ အကြောင်းအရာကိုလေ့လာတာ
၂။ အဖြေရှာတာ
၃။ စိတ်ကို လေ့ကျင့်တာ
ခန္ဓာကိုယ်အတွက် အားကစားလုပ်ရသလို၊
စိတ်အတွက် အားကစားလဲလုပ်ရတယ်။
ဘာဖတ်ရမှန်းမသိရင်
အရောင်းရဆုံး best-seller တွေဖတ်။
ကိုယ့်နယ်ပယ်မှာ အောင်မြင်တဲ့သူတွေပြောတဲ့
စာအုပ်တွေ ဖတ်။
သူတို့ပြောတာ ဖတ်လို့လဲ
ကိုယ်က အလင်းပွင့်ချင်မှ ပွင့်မှာ။
ကိုယ့်ရှိနေတဲ့ နေရာ၊
ရောက်နေတဲ့ လယ်ဗယ်အလိုက်ပဲ
မြင်နိုင်မှာ။
အလယ်တန်းကလေးကို
PhD အဆင့် စာသင်လို့
ဥာဏ်ပွင့်မှာ မဟုတ်ပဲ
စိတ်ပဲ ညစ်သွားလိမ့်မယ်။
အလားတူပဲ PhD အဆင့်ကို
အလယ်တန်းအဆင့်သင်ရင်လဲ
စိတ်ညစ်သွားလိမ့်မယ်။
One-size-fits-all တစ်ခုနဲ့
အကုန်အဆင်ပြေဆိုတာ
ရှိချင်မှ ရှိနိုင်လိမ့်မယ်။
သေချာတစ်ခုက
စာဖတ်တာက စာဖတ်တာမဟုတ်ဘူး။
လေ့ကျင့်တာ။
Phyo Paing @ Derek