Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

စာဖတ်ဖို့ အရေးကြီးတယ်။

လူတွေက ကိုယ်သိထားသလောက်ပဲ
တွေးနိုင် စဥ်းစားနိုင်ကြတယ်။

သင်ယူမှုလုပ်တိုင်း ဦးနှောက်ရဲ့
ဆဲလ်အမြီးပိုင်းမှာရှိတဲ့
dendrite တွေ အချင်းချင်းဆက်တယ်။
ဒီ dendritic connection ဟာ
ဖြန့်ကျက်စဥ်းစားနိုင်စွမ်းအတွက်
အလွန်အရေးပါတယ်။

စာမဖတ်တဲ့သူက လမ်းတစ်ကြောင်းပဲ
မြင်ရင်မြင်မယ်။
စာသေချာဖတ်ပြီး စဥ်းစားနိုင်တဲ့သူက
possibilities ဖြစ်နိုင်ခြေတွေ
အများကြီး မြင်တယ်။

ပြည်တွင်းမှာ coaching ဘာကြောင့်
မကြီးလာလဲဆိုရင်
Coach တွေ ကိုယ်တိုင်က
စာမဖတ်ကြလို့ဖြစ်တယ်။

သင်တန်းတက်ပြီး ဒီမေးခွန်းပဲ
ထိုင်မေးနေလို့ မရပါဘူး။
နေ့စဥ် အိမ်စာလုပ်နေဖို့လိုတယ်။
ဒါမှ ကိုယ့် coaching industry ကို
လူတွေ အထင်မသေးမှာ။

မဟုတ်ရင် သင်တန်းတက်ပြီး
နာမည်မှာ coach တပ်လိုက်ရုံနဲ့
coach မဖြစ်လာပါဘူး။
ကိုယ့်မှာ regular clients တွေရှိမှ
coach ဖြစ်မှာ ဖြစ်တဲ့အတွက်
continuous learning
လုပ်နေဖို့လိုတယ်။

သူများကို တိုးတက်အောင်
ကူညီပေးရတာဖြစ်တဲ့အတွက်
Coach တွေကိုယ်တိုင်က
ပိုတိုးတက်နေဖို့လိုပါတယ်။

Certification က အခြေခံအဆင့်ပဲ။
Continuous Learning လုပ်နေမှရမယ်။

Phyo Paing @ Derek

Share Your Idea!​