Speed-reading ရဲ့အခြေခံက
eye movement ပဲဖြစ်တယ်။
မျက်စိရွေ့လျားမှုမြန်ဖို့အတွက်
eye pattern ဘယ်လိုသွားလဲ
လေ့လာရတယ်။
တချို့က Zig Zag သွားတယ်။
တချို့က အောက်ကနေ အပေါ်
ပြန်ဖတ်တဲ့သူတွေတောင်ရှိတယ်။
တချို့က vertical သွားတယ်။
တချို့က ဘယ်ဖက်ထောင့်က
ညာဖက်အောက်ကို ဖတ်သွားတယ်။
Eye Movement ကောင်းခဲ့ရင်တောင်
ကိုယ်နားမလည်တဲ့ဘာသာစကားဖတ်ရင်
comprehension နားလည်မှုပိုင်း
အားနည်းတဲ့အတွက် အခက်အခဲဖြစ်နိုင်တယ်။
ဒါကြောင့် ဘာသာစကားနဲ့ ပတ်သတ်တဲ့
စကားလုံးနဲ့ phrases တွေကိုအရင်မှတ်ဖို့လိုတယ်။
နောက်တစ်ခုက retention
ပြန်လည်စဥ်းစားတဲ့ အပိုင်းဖြစ်ပြီး
ဖတ်ထားတဲ့အရာကို recall မလုပ်ရင်
ခဏနေ မေ့သွားတတ်တယ်။
ဒါကြောင့်အကောင်းဆုံးနည်းလမ်းက
ဖတ်ပြီးသွားတဲ့အရာကို note ထဲရေးတာ
ကို ကျင့်သုံးလို့ရတယ်။
Note-taking တွေထဲမှာ
radiant note-taking ဖြစ်တဲ့
ဦးနှောက်အလုပ်လုပ်တဲ့ပုံနဲ့ friendly ဖြစ်တဲ့
Mindmap ကို ၂၀၀၅ ကတည်းက
အသုံးပြုဖြစ်တယ်။
ပုံမှန်စာဖတ်သူတွေက စကားလုံး
တစ်လုံးစီဖတ်တယ်။
နည်းနည်းမြန်ရာရင် phrase by phrase ဖတ်တယ်။
နောက် paragraph အလိုက်ဖတ်တယ်။
နောက် page by page ဖြစ်လာမယ်။
ဒီလို ဦးနှောက်နဲ့ မြန်နှုန်းမြင့်လေ့လာမှုကို
Accelerated learning လို့ခေါ်တယ်။
ဒါဟာ personal development လို့
ပြောလို့ရတယ်။
လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့အတွက်
personal development ကစတင်ပြီး
နောက် professional နဲ့ business
development ကို တဖြည်းဖြည်းသွားတယ်။
ဒါတော့ ToeTet Philosophy ပဲ။
Phyo Paing @ Derek