Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

စာမဖတ်ရင် သိပ္ပံပညာလဲမတတ်ဘူး။

တချို့သူတွေက
စာဖတ်တာအလကား။
Theory ကြီးထဲပဲ
မပိတ်မိစေနဲ့။
စာအုပ်ထဲအဖြေမရှိဘူး။
ဘဝထဲမှာ အဖြေရှိတယ်ဆိုပြီး
ကိုယ့်ကိုဂျင်းထည့်လိမ့်မယ်။
မယုံနဲ့။
သူတို့ကျခိုးဖတ်ပြီး
စာအုပ်ထဲမှာ အဖြေမရှိဘူး
ဖြစ်နိုင်မလား။

စာမဖတ်ရင် သိပ္ပံပညာလဲမတတ်ဘူး။
မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့လဲမလွယ်ဘူး။
လောကီပညာလဲမတတ်ဘူး။
လောကုတ္တရာလဲသေချာနားမလည်နိုင်ဘူး။

သီအိုရီရဲ့အဓိပ်ပာယျကဘာလဲ
ပြန်မေးကြည့်ရင်
အင်းအင်းအဲအဲဖြစ်နေလိမ့်မယ်။

သီအိုရီဆိုတာ
အကြောင်းအရာတစ်ခုကို စနစ်တကျ
သိပ္ပံနည်းကျ အယူအဆနဲ့ ရှင်းလင်းချက်တွေပါ။
အခြေခံမူ၊ စည်းမျဥ်း။
ဥပမာ
ဂီတသီအိုရီ၊ စီးပွားရေးသီအိုရီ။
ရူပဗေဒမှာကျတော့
လက်တွေ့လုပ်ဆောင်ဖို့အစပိုင်းမှာ
အခက်အခဲရှိနေနိုင်သေးတယ်။
သီအိုရီအရဖြစ်နိုင်ပြီ။
ဒါလေးကို ကြားဖူးနားဝဖြစ်ပြီး
သီအိုရိတွေမပြောနဲ့ဆိုတာဖြစ်လာတာ။

ဂျင်းထည့်တာမယုံပါနဲ့။
အတွေးအခေါ် အဆိပ်ခပ်တာမယုံပါနဲ့။
စဥ်းစားကြည့်ပါ။
သုတေသနတွေကြည့်ပါ။
ဒီနေ့ခေတ် အေအိုင်ခေတ်မှာ
သုတေသနလုပ်ရတာလွယ်လွန်းလို့။

ဒီလို ဂျင်းကောင်တွေ
ဟန်ရှိပြီး အဆံမရှိသူတွေ
ကျဆုံးချိန်။

Phyo Paing @ Derek

Share Your Idea!​