စာရေးခြင်းသည် ကုသခြင်းပဲ။
စိတ်ခံစားမှုကို ဘယ်လိုကိုင်တွယ်လဲဆိုတာ
ဘဝရဲ့ အဆုံးအဖြတ်ပဲ။
တိုင်ပတ်တဲ့ ဘဝကို
မလိုင်ဖတ်ဘဝ ပြောင်းဖို့က
ဒေါသ၊ တွေဝေ၊ လမ်းပျောက်၊
အားငယ်၊ စိတ်ဓာတ်ကျ၊
ဝမ်းနည်း၊ ပူဆွေး
ဒီစိတ်ခံစားမှုတွေနဲ့ကြုံတိုင်း
ဒီခံစားချက်တွေကို
ဘယ်နေရာကို လမ်းလွဲရမလဲဆိုတာ
အရမ်းအရေးကြီးတယ်။
Self-therapy ပေါ့။
ကိုယ့်ကိုယ်ကို ကုသဖို့
အကောင်းဆုံးနည်းတစ်ခုက
ကိုယ်ဖြတ်သန်းခဲ့တဲ့ ခရီးစဥ်အတွက်
မှတ်စုပုံစံချရေးပါ။
သင်ခန်းစာတွေ၊
တွေးမိတာတွေ ချရေးပါ။
ဒီလိုချရေးခြင်းအားဖြင့်
ရင်ထဲပေါ့သွားတယ်။
အတွေးရှင်းသွားတယ်။
ကိုယ့်ကိုယ်ကို ပြန်သုံးသပ်လို့ရတယ်။
Phyo Paing @ Derek