ပြန်လည်စဉ်းစားကြည့်ပါ။
လုပ်ငန်းရှင်အနေနဲ့ စိတ်ကူးမယဉ်တာ
ဘယ်လောက်ကြာပြီလဲ။
လုပ်ငန်းစတင်တုန်းက စိတ်ကူးအိမ်မက်တွေ
တစ်လှေကြီးနဲ့ ရင်ခုန်စွာစတင်ခဲ့ကြတယ်။
အချစ်တွေနဲ့ စတွေ့တဲ့အခါ ရင်ခုန်သလိုပါပဲ။
အချိန်နဲ့ လောကဓံတိုက်စားတာများသွားတဲ့အခါ
လုပ်ငန်းရှင်အနေနဲ့ စိတ်ကူးယဉ်တာတွေ
ရပ်သွားတဲ့ အချိန်တွေရှိတတ်တယ်။
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ဖို့
လုပ်ငန်းရှင်ဟာ
စိတ်ကူးယဉ်သူ Dreamer တစ်ယောက်ဖြစ်ဖို့လိုတယ်။
ဒါမှ လုပ်ငန်းအတွက် Vision ပေါ်လာမှာဖြစ်တယ်။
စိတ်ကူးယဉ်ပြီးရင် အိမ်မက်တွေအကောင်ထည်ဖော်ဖို့
လုပ်ငန်းရှင်အနေနဲ့ စဉ်းစားကြံဆ
မဟာဗျူဟာချဖို့ လိုလာပါပြီ။
ဒါကြောင့် အချိန်ယူပြီး
ကိုယ့်လုပ်ငန်း Vision တွေအကောင်ထည်ဖော်ဖို့
မဟာဗျူဟာ Strategy ကို စဉ်းစားရပါတယ်။
ဒါကြောင့်လုပ်ငန်းရှင်ဟာ Thinker ဖြစ်ဖို့လိုပါတယ်။
လုပ်ငန်းရှင်ဟာ ဆက်သွယ်သူကောင်းတစ်ယောက်
ဖြစ်ဖို့လဲ လိုအပ်ပါတယ်။
ကိုယ့် idea တွေကို ဝန်ထမ်းတွေ၊
ဖောက်သည်တွေလက်ခံဖို့ Excellent Communicator
ဖြစ်ဖို့လိုအပ်ပါတယ်။
ဒါမှ ကိုယ့် Vision ကို ဝန်ထမ်းတွေက
အကောင်ထည်ဖော်မယ်။
ဖောက်သည်တွေက လက်ခံမှာ ဖြစ်ပါတယ်။
လုပ်ငန်းရှင်အနေနဲ့ ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်း
တည်ဆောက်တဲ့အခါ အစပိုင်းမှာ ဦးဆောင်ရပါမယ်။
လူတွေနဲ့ စနစ်တွေအသုံးပြုပြီး
ကိုယ့်လုပ်ငန်းအိမ်မက်တွေရောက်ဖို့၊
မဟာဗျူဟာကို အကောင်အထည်ဖော်ဖို့
Leader ကောင်းတစ်ယောက်လို စဉ်းစားရပါမယ်။
လုပ်ငန်းရှင်ရဲ့ အိမ်မက်မက်ဖို့၊
မဟာဗျူဟာတွေ တွေးတောကြံဆဖို့၊
ပြန်လည်ဆန်းစစ်ဖို့အတွက်
www.AkyanPay.com ကို ဖန်တီးပေးထားပါတယ်။
#AkyanPay