စိတ်ညစ်တာ နည်းအောင်
ကျွန်တော်လုပ်တဲ့ နည်းလေးက
အထောက်အကူများဖြစ်မလားမသိဘူး။
၁။ စိတ်ညစ်စေနိုင်တဲ့အရာတွေကို
ကြိုတင်စဥ်းစားအဖြေရှာထား။
ကိုယ့်နာမည်ဖျက်ခံရတဲ့အခါ။
အတော်ဆုံးဝန်ထမ်းတွေ
ပြိုင်ဖက်ဆီမှာ အလုပ်သွားလုပ်တဲ့အခါ။
ပေးစရာဒေါ်လာအကြွေးတွေက
ငွေစျေးအပြောင်းလဲလို့
ပိုပေးရတဲ့အခါ။
ကိုယ့်ဘဝမှာ ရှောင်ရှားချင်တာတွေကို
ကြိုတင်စဥ်းစား အဖြေရှာထား။
စိတ်ဓာတ်ရေးရာပြင်ဆင်ထား။
၂။ စိတ်ညစ်စရာကြုံတိုင်း ဖြေ။
စိတ်ညစ်စရာကို ခံစားချက်မထည့်ပဲ
သင်ခန်းစာအနေနဲ့ ပြောင်းလိုက်တယ်။
စာအဖြစ်ချရေးတာ၊
အတွေးအခေါ် သို့ ဥပဒသ တစ်ခုအဖြစ်ပြောင်းတာ
အဲ့လို လုပ်လိုက်တယ်။
ဥပမာ တချို့သူတွေနဲ့ တွေ့တယ်။
အရမ်း အပူဓာတ်များတယ်။
ကိုယ့်ကိုလဲအပူ ဓာတ်အရမ်းကူးစေတဲ့အခါ
နည်းနည်းခွာခွာနေလိုက်တာမျိုး။
Phyo Paing @ Derek