အခုလိုအချိန်မှာ နိုင်ငံရေးအရ
ကိုယ်ဖြစ်စေချင်သလို မဖြစ်တာ
ကြေကွဲရတဲ့ အဖြစ်အပျက်တွေ
တစ်ပတ်တစ်ခါလောက်
မြင်နေကြားနေ ခံစားနေရတတ်တယ်။
ဒီ reality ကနေ escape ဖြစ်ဖို့
အပြောင်းအလဲအတွက်
အချိန်အများကြီးလိုတယ်
နားလည်ထားတယ်။
ခရီးလဲသွားဖို့ မဖြစ်နိုင်သေးသလို၊
လွတ်မြောက်ရာထွက်ပေါက် လိုက်ရှာတော့
အလုပ်ကိုသွားတွေ့တယ်။
ငယ်ငယ်က
စိတ်ညစ်ရင် ဂိမ်းနှိပ်တယ်။
ပျင်းရင် ဂိမ်းနှိပ်တယ်။
ဂိမ်းနှိပ်ရင် အာရုံအရမ်းစိုက်ထားတဲ့အတွက်
ပတ်ဝန်းကျင်ကိုမေ့သွားတယ်။
အချိန်အများစုက အလုပ်ထဲမှာကုန်တတ်တော့
အလုပ်ကို ဂိမ်းတစ်ခုလို ဖန်တီးဖို့
စဉ်းစားမိတယ်။
ကိုယ်မကြိုက်တဲ့ ဂိမ်းကိုအကြာကြီး
မဆော့နိုင်သလို
ကိုယ်မကြိုက်တဲ့အလုပ်ကိုလုပ်တာ
ကိုယ့်ကိုကိုယ် ညင်းဆဲရာကျတယ်။
ဒါကြောင့်
ကိုယ်ချစ်တဲ့အလုပ်ကိုပဲ လုပ်မယ်လို့
ဆုံးဖြတ်ချက်ချခဲ့တယ်။
ဒါကြောင့် ကိုယ်ချစ်တဲ့အလုပ်ကိုရွေးချယ်ပါ။
အလုပ်ကို ဂိမ်းတစ်ခုလိုလုပ်ပါ။
စိတ်ညစ်ရင် အလုပ်ပိုလုပ်ပါ။
Phyo Paing @ Derek