ဘဝရဲ့ အဆိုးဆုံးနေ့တွေတွေ့ရင်
ပျော်လိုက်။
အဆိုးဆုံး၊ အဆိုးဆုံးကနေ
အကောင်းဆုံးတွေရောက်လာတတ်တယ်။
ဆေးရုံသွားတိုင်း အနိဋ္ဌာရုံတွေ
မကြိုက်တဲ့ကိုယ်
စိတ်ဆင်းရဲရတယ်။
ဒါကြီးကို ခြောက်နှစ်လောက်ဖြတ်သန်းလာပြီးနောက်
ဘဝမှာ သာမာန်ဒုက္ခရောက်တော့
ဒုက္ခလို့ မမြင်တော့ဘူး။
သေဖို့စောင့်နေတဲ့သူတွေ၊
အသက်ငင် အောက်စီဂျင်လိုတဲ့သူတွေ၊
ကင်ဆာကြောင့် စိတ်ဆင်းရဲနေရသူတွေ
စိတ်မကောင်းစရာတွေအများကြီး။
ဒုက္ခတော်တော်ရောက်ရင်
ကိုယ့်နှာခေါင်းကိုယ်ပိတ်
အသက်အောင့်ထား။
အသက်အရမ်းရှူချင်လာလိမ့်မယ်။
ကိုယ့်ဒုက္ခက အဲ့ဒီအသက်ရှူချင်ပြီး
ရှူမရတာလောက် ခက်ခဲလားစဥ်းစားကြည့်။
လူတိုင်းဘဝမှာ ဒုက္ခပဲ။
တချို့က စာဝတ်နေရေး။
တချို့က လုံခြုံရေး။
တချို့က နေရေးထိုင်ရေး။
တချို့က မိသားစုရေး၊
တချို့က ငါဘာကောင်လဲပြချင်တဲ့ဒုက္ခ။
တချို့က ပြိုင်ဖက်တွေကိုယ့်ထက်သာသွားတဲ့အတွက်
ဖြစ်တဲ့ စိတ်ဒုက္ခ။
လိုချင်တာရလို့ ထပ်ရချင်
ဆန္ဒတွေအသောမသတ်လဲ ဒုက္ခ။
လိုချင်တာမရလဲ ဒုက္ခ။
ဒါတွေက ရှောင်လို့ရမှာမဟုတ်ဘူး။
အိုမယ်၊ နာမယ်၊ သေမယ်။
စိတ်ထားတတ်ဖို့ လိုတယ်။
စိတ်မထားတတ်ရင်လဲ
ကျွန်တော်တို့အားလုံး အခုဆို
ရူးသွားလောက်ပြီ။
ပြောမရဘူး။
အခု ရူးနေတာလဲ ဖြစ်နိုင်တယ်။ 😀
Phyo Paing @ Derek