Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

စိတ်ဓာတ်မကျပါနဲ့

ကိုယ်ထက်ချမ်းသာတဲ့သူ၊
ကိုယ့်ထက် intel ပိုမြင့်တဲ့သူ၊
ကိုယ့်ထက်ပို လူချစ်လူခင်ပေါများတဲ့သူ၊
အမြဲရှိနေမှာပါပဲ။
တစ်တောင်ထက် တစ်တောင်ပိုမြင့်တယ်။

ဘဝဆိုတာ game တစ်ခုဆိုရင်
ခန္ဓာကိုယ်နဲ့ ဘဝပေးအခြေအနေတစ်ခုရှိမယ်။
ဒီပေးထားချက်ပေါ်မူတည်ပြီး အကောင်းဆုံးလုပ်ရမှာ
ကိုယ့်တာဝန်ပဲလေ။

ကျွန်တော် ကတော့ သူများတွေနဲ့ မနှိုင်းယှဥ်ဘူး။
ကိုယ့်ဘဝမှာ ဘယ်လောက်ဝေးဝေးပြေးနိုင်မလဲ
ဘယ်လောက်မြင့်မြင့် ပျံသန်းနိုင်မလဲ
ဒါကို အဓိက စဉ်းစားတယ်။

ဘယ်တော့မှ နောင်တ အကြီးအကျယ်ရပြီး
စိတ်ညစ်မနေဘူး။
သင်ခန်းစာယူပြီး လုပ်စရာရှိတာ ဆက်လုပ်တယ်။
ကိုယ့်ကိုကိုယ် ဘယ်တော့မှ အပြစ်မတင်ဘူး။
သူ့အရွယ်နဲ့ သူ့ဥာဏ် သူ့ အခြေအနေမှာ
အကောင်းဆုံးထင်တဲ့အရာလုပ်ခဲ့တာပဲလေ။
ကျွန်တော့်ကတော့ ကိုယ့်ကိုကိုယ် ဖြစ်တည်မှုအတွက်
ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ဂုဏ်ယူတယ်။​

ပေးခဲ့တဲ့ သင်ခန်းစာတိုင်းကို
အကောင်းဆုံးကျော်ဖြတ်ခဲ့တယ်။
မနူးမနပ်ကလေးဘဝမှာ
တပါးသူအပေါ် မျှော်လင့်ချက်တွေအပြည့်ထားပြီး
မနက်ဖြန်ဆိုတာ ရှေ့မဆက်ချင်လောက်အောင်ဖြစ်ဖူးတယ်။
ဒါပေမယ့် သင်ခန်းစာယူပြီး ရှေ့ဆက်ခဲ့ဖူးတယ်။​

ကျွန်တော့်ဘဝခံယူချက်ကတော့ lean startup ပဲ
Build ရယ်၊ Measure ရယ်၊ Learn ရယ်ပဲ။
တည်ဆောက်၊ ဆန်းစစ်၊ သင်ခန်းစာယူပြုပြင်ပဲ။
စိတ်ဓာတ်မကျပါနဲ့။

Phyo Paing @ Derek

Share Your Idea!​