Don’t Waste time feeling sorry for themselves
သူတို့က ကိုယ့်ကိုကိုယ် သနားပြီးအချိန်ကုန်မနေဘူး။
Don’t Give away their power
တခြားသူတွေရဲ့အထင်အမြင်နဲ့အသက်မရှင်ဘူး
Don’t Shy away from change
အပြောင်းအလဲလုပ်ရမှာမကြောက်ဘူး
Don’t Focus on things they can’t control
သူထိန်းချုပ်လို့မရတဲ့အရာတွေအပေါ်
အာရုံစိုက်မနေဘူး
Don’t Worry about pleasing everyone
လူတိုင်းစိတ်ကျေနပ်အောင် လုပ်မနေဘူး
အရမ်းအားနာမနေဘူး
Don’t Fear taking calculated risks
တွက်ချက်စွန့်စားရမှာမကြောက်ဘူး
Don’t Dwell on the past
အတိတ်မှာပဲ အသက်ရှင်မနေဘူး
Don’t Make the same mistakes over and over
လုပ်ပြီးသားအမှားတွေ ထပ်ခါထပ်ခါလုပ်မနေဘူး
Don’t Resent other people’s success
တခြားသူတွေရဲ့ အောင်မြင်မှုကို မနာလိုမဖြစ်ဘူး
Don’t Give up after the first failure
ပထမတစ်ခါမအောင်မြင်တာနဲ့ လက်မလျော့လိုက်ဘူး
Don’t Fear alone time
တစ်ယောက်တည်းနေရမှာ မကြောက်ဘူး
Don’t Feel the world owes them anything
ကမ္ဘာကြီးက ကိုယ့်ကိုတစ်ခုခုလုပ်ပေးရမယ်ဆိုတဲ့
စိတ်မရှိဘူး
Don’t Expect immediate results
အခုရေတွင်းတူး၊ အခုရေကြည်သောက်ချင်တဲ့
စိတ်မရှိဘူး
စိတ်ဓာတ်ခိုင်မာသူတွေ မလုပ်တဲ့
အချက် ၁၃ ချက်ပေါ့
အားတီ၊ အားမေတို့ရေ။
ကိုယ်အနေနဲ့ ဆယ့်သုံးချက်မှာ
ဘယ်အချက်နဲ့ ငြိနေသလဲ
ပြန်စဥ်းစားကြည့်ကြည့်။
တစ်ဦးတည်းသော သားသမီးတွေက
ကမ္ဘာကြီးက တစ်ခုခုလုပ်ပေးဖို့လိုတယ်
ထင်တတ်ကြတယ်ဆိုတာ အရမ်းကြိုက်တယ်။
တစ်ခါကျဆုံးတာနဲ့ ပြန်မထတာ
ငယ်ဘဝက မိဘရဲ့ ပြဿနာကို
ဖြေရှင်းတဲ့အခါ ဆုံးမမှုနဲ့လဲဆိုင်တယ်။
ငါ့သား စက်ဘီးမစီးပါနဲ့တော့
ပြန်ပြုတ်ကျလိမ့်မယ် ဒါမျိုး။
ဒါကို learned behavior လို့ခေါ်တယ်။
ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့
ကိုယ့်ကိုကိုယ် နည်းပြ coach လုပ်နေဖို့လိုတယ်။
အမှန်တော့ ဒီစာအုပ်က
နာမည်ကြည့်ပြီး သာမာန် တက်ကျမ်းပဲဆိုပြီး
ပစ်ထားတဲ့ စာအုပ်။
Amy Morin ရေးတဲ့
စိတ်ဓာတ်ကြံခိုင်သူတွေ မလုပ်တဲ့
အချက် ၁၃ ချက်တဲ့။
အခုပဲ အဲ့စာအုပ်ဖတ်လိုက်တော့
တော်တော်လေး မဆိုးတာတွေ့ရတယ်။
လူတွေရဲ့ ခံစားချက်ကိုနားလည်သလို
မတူညီတဲ့ case တွေနဲ့ တစ်ခုချင်း
ဖော်ပြသွားတယ်။
စာအုပ်ကို design လုပ်ထားတဲ့ပုံစံကို
မိုက်တယ်။
ပုံမှန် marketing လုပ်တဲ့အခါ
စုံဂဏန်းတွေထက် မဂဏန်းကိုရွေးကြတယ်။
ဥပမာ 7 habits of highly effective people တို့၊
5 levels of leadership တို့၊
အလားတူပဲ ဒီမှာပဲ
13 Things Mentally Strong Parents Don’t Do တဲ့။
ယေဘူယျအားဖြင့် မဂဏန်းတွေက
လူတွေကို ဆွဲဆောင်တဲ့နေရာမှာ
ပိုအားကောင်းတာ တွေ့ရတယ်။
အထူးသဖြင့် အချက်အလက်တွေနဲ့ပတ်သက်ရင်ပေါ့။
မားကတ်တင်းလုပ်ရင် သတိထားရမည့်
အချက် ၂၀ နဲ့
မားကတ်တင်းလုပ်ရင် သတိထားရမည့်
၂၁ ချက် သို့ ၁၉ ချက်
စဥ်းစားကြည့်ရင် ခံစားချက်သိပ်မတူတာ
တွေ့လိမ့်မယ်။
နောက်စာအုပ်ရေးတဲ့ပုံစံက structure တစ်ခုရှိတယ်။
အစပိုင်းမှာ Mental strength စိတ်ဓာတ်ခိုင်မာတယ်ဆိုတာ
မျိုးရိုး genetics၊ ကိုယ်ရည်ကိုယ်သွေး personality၊
စိတ်ခံစားမှု emotion နဲ့ဆိုင်ပြီး
စိတ်ဓာတ်ခိုင်မာဖို့
အတွေး thought၊ စိတ်ခံစားမှု emotion နဲ့
အပြုအမူ behavior သုံးခုကို
သတိပြုရမယ်ဆိုတဲ့ concept နဲ့စတယ်။
အစပိုင်းကို အဆိုအမိန့်နဲ့ ဖွင့်တယ်။
နောက် scenario ဒီကိစ္စကိုကြုံတွေ့နေရတဲ့
အခြေအနေကို ဖော်ပြတယ်။
နောက် ဘာကြောင့် ဒီအပြုအမူကို
လုပ်ဖြစ်နေလဲ ရှင်းပြတယ်။
ဒါကို ဆက်လုပ်ရင် ဘာပြဿနာတွေ
ဖြစ်နိုင်လဲကိုပြောတယ်။
ဒါကိုပြင်ရင် ကောင်းကျိုးတွေကဘာလဲ။
ဒါကို ဘယ်လိုပြင်မလဲ။
ဘာအချက်တွေက အထောက်အကူပြုပြီး
ဘယ်အချက်တွေက အထောက်အကူမပြုဘူးလဲ
အဲ့လိုလေး စာအုပ်ကို လှလှပပ
structure လုပ်ထားတာ ဒီစာအုပ်ရဲ့
ထူးခြားချက်ပဲ။
စာရေးထားတာ ဘာမှမသိတဲ့
သာမာန်လူတွေပါ ဖတ်လို့ရတဲ့
စာအုပ်ဖြစ်ပြီး
ဘဝနဲ့ ဆက်စပ်လို့ရတယ်။
Comment မှာ note တင်ထားပေးတယ်။
Phyo Paing @ Derek Chan