App တွေကိုစွဲလမ်းစေချင်ရင်
Investment လုပ်ခိုင်းကြတယ်။
ဥပမာ ခု Facebook ဆို ဓာတ်ပုံ၊ စာ၊
Video နဲ့ ရင်းနှီးမှုတွေ investment
လုပ်ထားတဲ့အတွက်
ဒီ platform က မခွါနိုင်ကြဘူး။
အမျိုးသမီးအများစု လုပ်မိတဲ့အမှားက
ကိုယ့်ရည်းစား၊ အမျိုးသားကို
ငွေကုန်ကြေးကျများမှာစိုးပြီး
ကိုယ့်အပေါ် Investment မလုပ်ခိုင်းတာပဲ။
စိတ်ပညာအရ တစ်ဖက်လူကို
တစ်ခုခု ပေးဆပ်ခိုင်းတဲ့အခါ
တစ်ခုခုအပေါ် ပိုတန်ဖိုးထားကြတယ်။
အချိန်၊ ငွေကြေး၊ စိတ်အား
တစ်ခုခုပေါ့။
သင်တန်းတွေလဲ အတူတူပဲ။
အလကားတက်ရတဲ့ သင်တန်းနဲ့
သိန်းရာဂဏန်းပေးရတာနဲ့ဆို
ရာဂဏန်းက အပြောင်းအလဲ
ပိုဖြစ်စေတယ်။
ကိုယ်က Investment တွေအများကြီး
လုပ်ထားပြီးသားဆိုတော့
မလုပ်လို့ မရတော့ဘူးလေ။
Phyo Paing @ Derek