Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

စိတ်ရှည်ဖို့ အရေးကြီးပေမယ့်
စောင့်ဆိုင်းရတာကိုတော့ မုန်းတယ်။

စိတ်ရှည်တယ်ဆိုတာ
ကြိုးစားအားထုတ်မှုရှိပြီး
ရလဒ်ကောင်းထွက် အောင်မြင်ဖို့
လုပ်ဆောင်တာဖြစ်တယ်။

စောင့်တယ်ဆိုတာ
ကြိုးစားအားထုတ်မှု မလုပ်ရပဲ
အချိန်ကြည့် မျှော်နေရတာဖြစ်တယ်။

ဘဝမှာအောင်မြင်ဖို့ Timing
အချိန်ကောင်း အရေးကြီးတယ်။
အောင်မြင်တဲ့သူတွေက
မှန်ကန်တဲ့အချိန်မှာ
မှန်ကန်တဲ့ လုပ်ဆောင်မှုလုပ်ပြီး
ထူးခြားတဲ့ ရလဒ်ရရှိသွားတာမျိုးကိုခေါ်တယ်။

ဘဝမှာ ဘယ်အကြောင်းကြောင့်ဖြစ်ဖြစ်
စောင့်နေရတာမျိုးမဖြစ်ချင်ဘူး။
စောင့်နေရရင်တောင် အနာဂတ်အချိန်တွေကို
ခြွေတာပေးနိုင်တဲ့ အားထုတ်မှုတစ်ခုတော့
လုပ်နေရမှာပဲ။

Phyo Paing @ Derek

Share Your Idea!​