Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

စိတ်လဲကူး။
ပြောလဲပြော။
ကြံစဥ်ပြီး လုပ်လဲလုပ်။

ကာယကံ၊
ဝဇီကံ၊
မနောကံ။

ဒီကံသုံးပါးကို
သေချာအသုံးချနိုင်ဖို့လိုတယ်။
တစ်ခုပဲအသုံးချနေလို့မရဘူး။

၁။ မနောကံ

Law of Attraction တို့၊
Manifestation တို့၊
စိတ်ထဲကဆုတောင်းတာတို့ဆိုတာ
မနောကံ။
ဒါကို အလုပ်လုပ်ဖို့
ကိုယ်လိုချင်တာကို
ပြတ်ပြတ်သားသားရှင်းရှင်းလင်းလင်း
သိဖို့လိုတယ်။
သံသယဖြစ်ခြင်းကို
သက်ဝင်ယုံကြည်မှု faith နဲ့အစားထိုးရတယ်။
နောက်ခဏခဏ frequency
ကြိမ်ရည်များအောင် မနောနဲ့စဥ်းစားရတယ်။

တစ်ခုခုကို
ရဖို့သေချာတယ်ယုံကြည်ပြီး
ရင်ခုန်တာမျိုး။

တစ်ခုရှိတာ ဒီလူကို
လိုချင်တာထက်
ဒီလူပုံစံကို စိတ်ကူးရင်ပိုဖြစ်နိုင်တယ်။

၂။ ဝဇီကံ

ဒါဖြစ်ဖို့ တချို့က ဂါထာတွေရွတ်တယ်။
တချို့က လူတွေသိအောင်
ကိုယ်လိုချင်တာကို ခဏခဏပြောတယ်။
Public announcement လုပ်
ကြေငြဖို့လဲ တချို့လူတွေကဆိုတယ်။
ဥပမာ Tony Robbins တို့လို။
တချို့က ကိုယ့်အနာဂတ်အမြင်ကို
ခဏခဏ မြင်ယုံတင်မဟုတ်ဘူး။
ပြောလဲပြောတယ်။

၃။ ကာယကံ

တွေး၊ ပြောပြီးမလုပ်ရင်မဖြစ်ဘူး။
ဒီတော့ ရဖို့ ကြံစီ
အကောင်အထည်ဖော်ရတာ
ကာယကံ။

တချို့က အလုပ်တွေတော့
အရမ်းလုပ်တယ်။
ရှေ့မရောက်ဘူး။
ကာယကံပဲသုံးနေလို့လဲမရဘူး။
မနောကြီးပဲသုံးနေလို့လဲမရဘူး။
ပြောပဲပြောနေလို့လဲမရဘူး။

စိတ်လဲကူး။
ပြောလဲပြော။
ကြံစဥ်ပြီး လုပ်လဲလုပ်။

Phyo Paing @ Derek

Share Your Idea!​