ဗုဒ္ဓအကြောင်းစဥ်းစားတဲ့ခါ
တချက်တချက်
သံဝေဂရတယ်။
ဘာကြောင့်လဲဆိုတော့
လူတွေက လူ့ဘောင်မှာ
အရေးမပါတာတွေကို
အရာပေးနေကြတယ်။
မယုံကိုယ် အခုသေသွားကြည့်
ဝမ်းနည်းကြောင်းတွေလာတင်ပြီး
တစ်ပတ်နေ ကိုယ့်ကိုမေ့သွားပြီ။
ဒီတော့ ဘာကြောင့်
တခြားသူတွေရဲ့ အထင်အမြင်ကြောင့်
စိတ်ညစ်ခံနေမလဲ စဥ်းစားမိတယ်။
နောက်တစ်ခုက ရုပ်ဝတ္ထုပစ္စည်းတွေနဲ့
အောင်မြင်မှုဆိုတဲ့ အရာတွေနောက်လိုက်တယ်။
ရလေလို လေ အိုတစ္ဆေဖြစ်သွားမယ်။
ဒါကြောင့် အောင်မြင်မှုထက်
ကိုယ့်သမိုင်းပေးတာဝန်နောက်လိုက်တာ
ပိုကောင်းတယ်လို့စဥ်းစားမိတယ်။
နောက်ဗုဒ္ဓက အမြင်ရုပ်ဝတ္ထုတွေထက်
စိတ်ကိုအဓိက ရှုမြင်နိုင်ဖို့
သင်ပေးသွားတယ်။
အမြင်ရုပ်ဝတ္ထုတွေဆိုတာ
လူတွေရဲ့ စိတ်၊ စိတ်ကူးတွေကြောင့်
ပေါ်လာတဲ့ အရာတွေ။
ဒါတွေက မာယာတွေပဲ။
နံရံပေါ်ပေါ်တဲ့ ပုံရိပ်တွေပဲ။
ဒါရဲ့နောက်ကွယ်က
မီးမောင်းထိုးပေးတာကတော့ စိတ်ပဲ။
ဒါကြောင့်လဲ မြန်မာ့ဆိုရိုးမှာ
စိတ်သာရှင်စော ဘုရားဟော
ဆိုတာ ပြောခဲ့ကြတယ်လို့ထင်တယ်။
Phyo Paing @ Derek