Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

စိတ်အလုပ် လုပ်ပါ။

ဒီနေ့ခေတ်က လုပ်အားတစ်ခုတည်းနဲ့
ပိုက်ဆံရှာတဲ့ခေတ်မဟုတ်တော့ဘူး။
စိတ်အလုပ်နဲ့ ပိုက်ဆံရှာတဲ့ခေတ်
ဖြစ်လာပြီ။

ဒါကြောင့် Naval Ravikant ကလဲ
Don’t earn with your time.
Earn with your mind. တဲ့။
အချိန်နဲ့ပဲ ငွေမရှာနဲ့။
စိတ်အလုပ်နဲ့ ငွေရှာပါတဲ့။

အာရုံစိုက်နိုင်ခြင်းသည် စိတ်အလုပ်ပဲ။
စဉ်းစားခြင်းသည် စိတ်အလုပ်ပဲ။
စဉ်းစားခြင်းကို စဉ်းစားခြင်း (metacognition) သည်
စိတ်အလုပ်ပဲ။

ဒီနေ့လို အေအိုင်ခေတ်မှာ
စိတ်အလုပ် ပိုအရေးကြီးလာတယ်။

ကိုယ့်စိတ်ကိုယ် နေ့တိုင်း
အချိန်ဘယ်လောက်ပေးပြီး
လေ့ကျင့်ဖြစ်သလဲ။
ကိုယ့်ကိုကိုယ် ပြန်မေးရမည့်မေးခွန်းတစ်ခုလို့တော့
ထင်မိပါတယ်။

ကိုယ်တွေးမိတဲ့အတွေးကို
ချရေးကြည့်ပြီး
ဘယ်နေရာမှာ အမှားပါသလဲ
ပြန်ကြည့်တာကလဲ စိတ်အလုပ်ပဲ။
နေ့စဉ်လုပ်လိုက်တဲ့အလုပ်တွေကို
ပြန်လည်သုံးသပ်တာကလဲ
စိတ်အလုပ်ပဲ။
နောက်တရားထိုင်တာကလဲ
စိတ်အလုပ်ပဲ။
လောကပြဿနာအဖြေရှာဖို့
တကူးတကအချိန်ပေးစဉ်းစားတွေးခေါ်တာ
ဒါကလဲ စိတ်အလုပ်ပဲ။
သင်ယူလေ့လာ စာဖတ်တာကလဲ
စိတ်အလုပ်ပဲ။

စိတ်အလုပ် လုပ်ပါ။

Phyo Paing @ Derek

Share Your Idea!​