Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

စီးပွါးရေးဆိုတာ ဘာလဲ?

စီးပွါးရေးဆိုတာ ဘာလဲ?
စီးပွါးရေးဆိုတာ အရောင်း၊ အဝယ်။

ဘာတွေရောင်း ဘာတွေဝယ်သလဲ?
ထုတ်ကုန် ပစ္စည်း၊ ဝန်ဆောင်မှု ရောင်းဝယ်တယ်။

ဘာကြောင့် ဝယ်သလဲ?
လိုချင်လို့၊ လိုအပ်လို့။

လိုချင်၊ လိုအပ်ရုံနဲ့ ဝယ်သလား?
မဝယ်ပါ။ ဝယ်နိုင်ဖို့လဲလိုပါတယ်။

လိုချင်၊ လိုအပ်ပြီး ဝယ်နိုင်တာကို
ဘာလို့ခေါ်သလဲ?
ဝယ်လိုအား demand လို့ခေါ်ပါတယ်။

ဝယ်လိုအားများပြီး ရောင်းလိုအားနည်းရင်
ဘာဖြစ်သလဲ?
စျေးတက်ပါတယ်။

ဝယ်လိုအားနည်းပြီး ရောင်းလိုအားများရင်
ဘာဖြစ်သလဲ?
စျေးကျပါတယ်။

ဒါဆို လုပ်ငန်းတွေ အောင်မြင်ဖို့
ဘာလိုသလဲ?
ဝယ်လိုအားရှိပြီး ရောင်းလိုအားနည်းဖို့လိုတယ်။

ဒီလို ရောင်းလိုအား ရှားပါးအောင်
ဘယ်လိုလုပ်ကြမလဲ?
တရားဥပဒေနဲ့ တင်သွင်းရခက်တဲ့အချိန်
ကိုယ်က တင်သွင်းခွင့်ရရင် ရတယ်။
ဒါမှ မဟုတ် ကိုယ့်ထုတ်ကုန်က
အစားထိုးရခက်ရင် ရတယ်။

ထုတ်ကုန်အစားထိုးရခက်ဖို့ ဘာလိုသလဲ?
တခြားသူတွေမှာ မသိ၊ မရှိ၊ မတတ်တဲ့
ကျွမ်းကျင်မှု၊ အသိပညာ၊ အတတ်ပညာ၊
နည်းစနစ်၊ လျှို့ဝှက်ချက်လိုတယ်။

ဒါကို ဝါရင်းဘူဖက်တို့ခေါ်တာရှိပါတယ်။ ဘာတဲ့?
Economic moat ကျုံးခံတပ်ပါ။

ကဲ
ကိုယ့်လုပ်ငန်းရဲ့ ဒီလိုအချိန်မှာရှိတဲ့
Economic moats က ဘာဖြစ်မလဲ။
စဉ်းစားထားဖို့လိုနိုင်တယ်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​