အိုင်ဒီယာက မျိုးစေ့ဆို၊
ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအနေနဲ့ပြောင်းနိုင်တာ
ရေလောင်းပေါင်းသင်တာပဲ။
ကုန်ပစ္စည်း၊ ဝန်ဆောင်မှု အပင်ပေါက်တဲ့အခါ
လိပ်ပြာ၊ ပျားပန်းတုံးလေးတွေကို
ဆွဲဆောင်တယ်။
ဒါက ဖောက်သည်တွေ။
အသီးအပွင့်ကတော့ အမြတ်။
ကိုယ်စိုက်ပျိုးထားတဲ့ ဥယျာဉ်က
ကိုယ့်လုပ်ငန်းကြီ။
တချို့က လိပ်ပြာဖမ်းဖို့
အပင်အမျိုးမျိုးပြောင်းစိုက်ကြတယ်။
တချို့က လိပ်ပြာလာအောင်
သေချာပေါင်းသင်စိုက်ပျိုးတယ်။
တခါက ပြောဖူးသလို
စီးပွါးရေးလုပ်တယ်ဆိုတာ
အမဲလိုက်တာ မဟုတ်ဘူး။
ကောက်စိုက်ပေါင်းသင်သလို
နေ့စဉ် ရေလောင်းပေါင်းသင်ရတယ်။
ကိုယ်စိုက်ချင်တဲ့မျိုးစေ့ အပင်နဲ့
စိုက်မည့်နေရာ ကာလံဒေသံကိုလဲ
တချက်ကြည့်ရသေးတယ်
လုပ်ငန်းရှင်တို့။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay