Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

စီးပွားရေးဆိုတာ အခက်အခဲဖြေရှင်းတဲ့
ဂိမ်းတစ်ခုမို့လို့ပါ။

ဒီလောက်အခက်အခဲတွေကြားမှာ
ဘာကြောင့် စီးပွားရေးလုပ်နေသေးသလဲ။

ဘာကြောင့်လဲဆိုတော့
စီးပွားရေးဆိုတာ အခက်အခဲဖြေရှင်းတဲ့
ဂိမ်းတစ်ခုမို့လို့ပါ။

ခေတ်စနစ်၊ သတင်း တစ်ချက်တစ်ချက်
ပြောင်းသွားတိုင်း စျေးကွက်ပြဿနာတွေ
ပြောင်းပြောင်းသွားတယ်။

ဒီစျေးကွက်ပြဿာနာတွေကို ကူညီဖြေရှင်းရင်း
အသက်မွေးဝမ်းကျောင်းပြုတာ
လုပ်ငန်းရှင်တွေရဲ့ တာဝန်ပဲ။

မဟုတ်ရင် လူ့အဖွဲ့အစည်းကြီးက
ရပ်သွားမှာပဲ။

ဖေ့ဘုတ်ကြီးပိတ်တော့
ဒါကြီးသုံးလို့ရအောင် ဖုန်းဆိုင်တွေ၊
အိုင်တီကျွမ်းကျင်သူတွေက နည်းလမ်းတွေရှာကြတယ်။

ငွေလဲနှုန်းတွေ ကမောက်ကမဖြစ်တော့
ဆိုင်တွေ ဒီနေ့ရောင်းရငွေတိုင်းကို
ကျပ်ငွေနဲ့ သိမ်းထားတဲ့အစား
ပစ္စည်းချက်ချင်းပြန်ဝယ်တယ်။
ပိုဝယ်တယ်။

ဒီလို ပြဿနာတွေတော့ တစ်ခုစဥ်းစားမိတာ
လူတွေဟာ ကျွန်တော်တို့ထင်တာထက်
ပို သန်မာပြီး ဒူပေဒါပေခံကြတယ်။

Akyanpay
ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​