စီးပွားရေးတစ်ခု စဖို့
နေရာ၊ လုပ်အား၊ ငွေကြေး၊
စွန့်ဦးတီထွင်မှုလိုတယ်။
စွန့်ဦးတီထွင်က
ကျွမ်းကျင်လုပ်သားတွေရဲ့လုပ်အား၊
ငွေရဲ့လုပ်အားအသုံးပြုပြီး
စျေးကွက်ရဲ့ဝယ်လိုအားကို
ဖြည့်ဆည်းဖို့ စျေးကွက်ပြဿနာကိုရှာဖွေ
ဖော်ထုတ်ပြီး
ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို
ဝယ်ယူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချတယ်။
ကိုယ်က လုပ်ငန်းရှင်ဆို
လုပ်ငန်းရှင်တတ်သင့်တာ တတ်ဖို့လိုတယ်။
၁။ ကျွမ်းကျင်လုပ်သား
ရှာဖွေ၊ လေ့ကျင့်၊ ထိန်းသိမ်း၊ အုပ်ချုပ်ရေး။
၂။ ငွေကြေးရှာဖွေ၊ ထိန်းသိမ်း၊ အုပ်ချုပ်ရေး။
၃။ စျေးကွက်ပြဿနာကို
တီထွင်ဆန်းသစ်မှုရှိရှိ အဖြေရှာရေး။
၄။ ကိုယ့်ထုတ်ကုန်ကို
အဆက်အပြတ်ရောင်းချနိုင်ရေး။
ဒီကျွမ်းကျင်မှုမရှိရင်
လုပ်ငန်းရှင် တာဝန်မကျေဘူးလို့ဆိုရမယ်။
ထုတ်ကုန်အဆက်အပြတ်ရောင်းချနိုင်ရေးအတွက်
မားကတ်တင်း၊ အရောင်း၊ ဝန်ဆောင်မှု
အဆက်အပြတ်လုပ်နေတဲ့
ထပ်ခါထပ်ခါ လုပ်ဆောင်လို့ရတဲ့ စနစ်လိုတယ်။
စျေးကွက်ပြဿနာကို အဖြေရှာဖို့
ထောက်လှမ်းနေဖို့လိုတယ်။
ထုတ်ကုန်သစ်တွေ ရှာဖွေဖန်တီးနေလို့လိုတယ်။
ငွေကြေးအဆက်မပြတ်ဝင်နေပြီး
ဝင်ငွေကထွက်ငွေထက် များအောင်
စီမံခန့်ခွဲနေရတယ်။
လူတော်လူကောင်းတွေလာအောင်
နည်းလမ်းရှာပြီး
မြဲအောင်၊ တိုးတက်အောင်
လုပ်ဆောင်တဲ့ ရုံးတွင်းယဥ်ကျေးမှု
တည်ဆောက်နိုင်ဖို့လိုတယ်။
ကိုယ်က တခြားသူလုပ်ငန်းငှားပြီး
ဝင်ငွေရှာတာဖြစ်တဲ့အတွက်
ဝန်ထမ်းတွေ မထိန်းတတ်ရင်၊
သူတို့ အား မငှားတတ်ရင်၊
ငွေကြေး မထိန်းတတ်ရင်
ငွေကြေးရဲ့ စွမ်းအား အသုံးမချတတ်ရင်၊
စျေးကွက်ပြဿနာ အဖြေရှာနိုင်စွမ်းမရှိရင်
ဒါတွေကြောင့် ဖြစ်ပေါ်လာတဲ့ပြဿနာကို
အဖြေမရှာပဲ အပြစ်ထိုင်တင်နေရင်
ကိုယ်က ကျန်ခဲ့မှာပဲ။
လုပ်ငန်းလုပ်တာ လွယ်ရင်
လူတိုင်း အောင်မြင်နေမှာပေါ့။
လွယ်လွန်းရင် လူတိုင်း
အောင်မြင်တဲ့ လုပ်ငန်းရှင်နေမှာပေါ့။
ကျွန်တော်တို့ အားလုံး
အိမ်စာလုပ်ဖို့ လိုတယ်ထင်တယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay