စီးပွားရေးလုပ်ငန်းဆိုတာ
ယာဥ်တစ်စီးပဲ။
ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့
ယာဥ်တစ်စီးပဲ။
ဘာယာဥ်နဲ့ သွားမလဲ၊
ဘယ်လို အမျိုးအစားလဲ၊
ကိုယ့်အနေနဲ့ ဒီယာဥ်ကို ညွှန်ကြားမောင်းနှင်နိုင်လား၊
ဒီယာဥ်ကို ဘယ်သွားမလဲ၊
လမ်းပြတဲ့သူ၊
မောင်းတဲ့သူ၊
စပယာ၊
တင်မည့်လူနဲ့ ကုန်၊
ပန်းတိုင်ရောက်ဖို့လိုအပ်တဲ့ လောင်စာ၊
တစ်ဆင့်ချင်းသွားမည့် မှတ်တိုင်တွေ၊
သွားလမ်းမှာရှိတဲ့ မြေပြင်အခြေအနေ၊
ရာသီဥတု နဲ့
လိုအပ်ရင် ထိန်းသိမ်းပြုပြင်ဖို့၊
ကြိုတင်ကာကွယ်ဖို့ အစီအစဥ်
ဒါတွေ သိထားဖို့လိုတယ်။
လုပ်ငန်းမတည်ဖွဲ့စည်းပုံ Structure နဲ့ Shared Values
ကျင်လည်တဲ့နယ်ပယ် Industry
ပိုင်ရှင်ရဲ့ နားလည်ကျွမ်းကျင်မှု Expertise
သွားမည့်လမ်း လုပ်ငန်းမဟာဗျူဟာ Strategy
ညွှန်းကြားသူတွေ BOD နဲ့
မောင်းနှင်သူ Leader
ဝန်ထမ်းတွေနဲ့ ကျွမ်းကျင်မှု Staffs & Skills
လည်ပတ်ပုံ Systems & Operations
ထုတ်ကုန်၊ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု
လိုအပ်တဲ့ ငွေကြေးစီမံခန့်ခွဲမှု Finance & Budgeting
မြေပြင်အခြေအနေ Market conditions
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စီးပွားရေး ရာသီဥတု
Business Environment
နောက်ဆက်တွဲ ပလန် Contingency Plan
ဒါတွေ ထည့်သွင်းစဥ်းစားဖို့လိုနိုင်တယ်။
လုပ်ငန်းလုပ်ပြီး အောင်မြင်တာလွယ်ရင်
လူတိုင်း လုပ်ငန်းရှင် လုပ်နေကြမှာပေါ့။
အိမ်စာလုပ်ဖို့လိုသလို
ကိုယ်က ကိုယ့်လုပ်ငန်းထက်
ပိုကြီးဖို့လိုတယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay