ဝန်ထမ်းအနေနဲ့က ပေးထားတဲ့အလုပ်ကို
ပေးထားတဲ့အချိန်မှာပြီးအောင်လုပ်လို့ရတယ်။
တိုးတက်ရေးအတွက် လုပ်လို့ရတယ်။
တခြားအချိန်တွေရှိတယ်။
လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ကျတော့
သူ့လုပ်ငန်းသွားရမည့်လမ်းကြောင်းကို
စဥ်းစားရသလို၊
ပြိုင်ဖက်တွေ၊ ဝန်ထမ်းတွေ၊
နိုင်ငံရေးစီးပွားရေး၊ လူမှုရေးအပြောင်းအလဲ
အခြေအနေတော်တော်များများကို
စဥ်းစားနေရတဲ့အတွက် သူ့ရဲ့
internal attention တွေများနေတတ်တယ်။
ဒါကြောင့် တိုးတက်ရေးအတွက်
အချိန်ပေးဖို့ လုပ်ငန်းသွားတဲ့လမ်းကြောင်းနဲ့
ကိုက်ညီနေတဲ့ alignment မတွေ့တဲ့
အချိန်တွေ ကြုံရတတ်တယ်။
အဲ့လို alignment မမိတဲ့အချိန်က
ကိုယ့်လုပ်ငန်းကြီးထွားမှုရပ်တန့်မည့်အချိန်ပဲ။
ဘာကြောင့်လဲဆိုတော့
စျေးကွက်ထဲမှာ ပြိုင်ဖက်တွေကို
အဝေးကြီးမှာ အပြတ်ချန်ခဲ့ဖို့
အတွေးအခေါ်တွေ လိုတယ်။
ဒီလိုအတွေးအခေါ်တွေမှန်ဖို့
တိုးတက်နေဖို့ သင်ယူလေ့လာနေဖို့လိုတယ်။
ဒါကြောင့် တစ်ရက်ကို နာရီဝက်ဖြစ်ဖြစ်
အချိန်ပေးပြီး ပုံမှန် မဖြစ်မနေလေ့လာဖို့လိုတယ်။
မလေ့လာခင် သုံးမိနစ်လောက်
စိတ်ရှင်းလင်းလေး လုပ်ပေးဖို့လဲလိုတယ်။
ကိုယ်က ကိုယ့်လုပ်ငန်းထက်ပိုကြီးနေဖို့လိုတယ်။
Phyo Paing @ Derek