စီးပွားရေးလုပ်ငန်း တည်ဆောက်တဲ့နေရာမှာ
ပုံစံအမျိုးမျိုးရှိကြတယ်။
ကိုယ်တိုင်အမှတ်တံဆိပ်နဲ့ ထုတ်တဲ့သူတွေရှိသလို၊
ဝယ်ရောင်းတဲ့ ကုန်သည်တွေရှိမယ်၊
Retail တွေရှိသလို၊ ဝန်ဆောင်မှုနဲ့ရပ်တည်တဲ့လုပ်ငန်း
အစရှိသည် အမျိုးမျိုးရှိမယ်။
သေချာတာတစ်ခုကတော့ လုပ်ငန်းရှင်တွေမှာ
သာမာန်သူတွေထက် ဒူပေဒဏ်ပေခံဖို့လိုပါတယ်။
အနာဂတ်ကို စဥ်းစားကြည့်ရင် ခုချိန်လူတိုင်းနီးပါး
မပျော်ကြသလို၊ တချို့တွေ အနာဂတ်ပျောက်သလို
ဖြစ်နေနိုင်ပါတယ်။
ဒါပေမယ့်ကိုယ်က လုပ်ငန်းရှင်ဆိုရင်
ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့အတွက်
ဝန်ထမ်းတွေ၊ ကိုယ်နဲ့သက်ဆိုင်သူတွေကို
အလင်းရောင်ဖန်တီးပေးဖို့လိုတဲ့အတွက်
ဒူပေဒဏ်ပေခံဖို့လိုပါမယ်။
သူများအလုပ်လုပ်ရတာ
စိတ်မပျော်ဖြစ်နေပါသလား၊
ကိုယ်တိုင်အလုပ်လုပ်
အိပ်မပျော်ပါ ဖြစ်သွားမယ်ဆိုတဲ့
ဟာသလေးကြားဖူးတယ်။
စျေးကွက်အပြောင်းအလဲကို စောင့်ကြည့်ပြီး
ဖောက်သည်တွေလိုအပ်ချက်ကို အစဥ်တစ်စိုက်
ဂရုစိုက်ဖို့ ဒူပေဒဏ်ပေခံဖို့လိုမယ်။
#Akyanpay