Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

စီးပွားရေး၊ လူမှုရေး၊ အနာဂတ်ရေးရာ
အတွက် အဆုံးရှုံးခံနိုင်တဲ့ ပမာဏ
သတ်မှတ်ထားဖို့လိုတယ်။

Russian Roulette Casino ကို
ဆေးကျောင်းတတိယနှစ် ကစပြီးစွဲစွဲလမ်းလမ်း
ဆော့ခဲ့ဖူးတယ်။
အလောင်းအစား စိတ်ပညာကိုလဲ
တော်တော်လေး လေ့လာခဲ့ဖူးတယ်။

ဘယ်နေရာမှာပဲ ဖြစ်ဖြစ်
ကိုယ်က ကစားပွဲတစ်ခုရောက်သွားတဲ့အခါ
Loss aversion လို့ခေါ်တဲ့
ရှုံးသွားတာကို ပြန်ရဖို့ မဲတတ်တဲ့စိတ်ကို
အရင်ဖျောက်ရတယ်။

ဒီလို လုပ်ဖို့ ကိုယ်ရှုံးမည့် amount ကို
အရင်သတ်မှတ်ရတယ်။
ဥပမာ ကိုယ်က $1000 ပဲဆော့မယ်ဆို
ဒါရှုံးရင် မဆော့တော့ဘူး။
limit လုပ်ပြီး အစကတည်းက
ပျော်ဖို့ဆိုတဲ့ စိတ်နဲ့ ဆော့တာပဲဖြစ်တယ်။

Loss limitation ဆိုတဲ့ နည်းစနစ်ဟာ
ဘဝတစ်သက်တာမှာ တော်တော်လေး
အထောက်အကူပြုခဲ့တယ်။

တစ်ခုခုလုပ်တော့မယ်ဆို
ပထမဆုံးမေးဖြစ်တာ ငါဘယ်လောက်ထိ
အရှုံးခံနိုင်လဲ။
ဘယ်လောက်ပမာဏကို comfortable ဖြစ်သလဲ။

ဒါသတ်မှတ်ပြီးရင်တော့
ကျန်တာ အကုန်လုံးက ရင်ခုန်စရာကြီးပဲ။
Stress နည်းသွားမယ်။

Phyo Paing @ Derek

Share Your Idea!​