လုပ်ငန်းတစ်ခု ဘာ စီမံကိန်းပဲချချ
ပထမဆုံးလုပ်ရတာ
စီးပွားရေး ပတ်ဝန်းကျင်သုံးသပ်မှု
Business Environment Analysis လို့ခေါ်ပြီး
သုံးပိုင်းကို ပြုလုပ်တယ်။
ပထမတစ်ပိုင်းကို ကိုယ်လုံးဝ
ထိန်းချုပ်လို့မရတဲ့ အပိုင်း။
Uncontrollable variables လို့ခေါ်တယ်။
သူကတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊
နည်းပညာ၊ သဘာဝပတ်ဝန်းကျင်နဲ့
ဥပဒေ ပြောင်းအလဲ။
ဒါကိုတော့ အတိုကောက်
PESTLE လို့ခေါ်ကြတယ်။
Political, Economics, Social, Technology,
Legal and Environmental factors ပေါ့။
ဒါကို ထိန်းချုပ်လို့မရတဲ့အခါ
ကြိုတင်ခန့်မှန်းမှုပြုလုပ်ပြီး
စီမံကိန်းလုပ်ဆောင်ရတယ်။
ဒါကို Predict ခန့်မှန်း၊ Plan စီမံကိန်းချတယ်လို့ခေါ်ပြီး
အခြေခံယူဆချက်တွေ ထုတ်ရတယ်။
ဒါကို assumption လို့ခေါ်တယ်။
ပိုကောင်းမလား၊ ပိုဆိုးမလား၊ ပိုနေမြဲကြားနေမြဲလား၊
ရေတို၊ ရေလတ်၊ ရေရှည်မှာဘာဖြစ်နိုင်လဲ။
ဒီပေါ်မူတည်ပြီး ဖြစ်နိုင်ခြေတွေကို
အတိတ်နဲ့ လက်ရှိအခြေအနေတွေကို
သုံးသပ်ပြီး စီမံကိန်းချရတယ်။
အဲ့ဒီ အခြေခံယူဆချက်တွေဟာ
ဘဏ္ဏာရေး ကြိုတင်စီမံကိန်းရေးဆွဲမှု
Financial projections မှစလို့
မားကတ်တင်း၊ HR အကုန်လုံးအပေါ်
သက်ရောက်မှုရှိတယ်။
ဒီအခြေခံယူဆချက်တွေပေါ်မူတည်ပြီး
အခွင့်အလမ်း chance နဲ့
အပြောင်းအလဲလုပ်ရမည့် change တွေကိုလုပ်ဆောင်တယ်။
In any project, the first step involves conducting a Business Environment Analysis, which is divided into three parts.
The first part deals with uncontrollable variables, referred to as Uncontrollable variables. These encompass political, economic, social, technological, natural environmental changes, and legal shifts. This is commonly abbreviated as PESTLE, standing for Political, Economics, Social, Technology, Legal, and Environmental factors.
When these variables are beyond control, forecasting and project planning become necessary. This process, called Predict and Plan, involves drawing assumptions based on possible improvements, deteriorations, or stability over short, medium, and long terms. These predictions are based on analyzing past and current states to plan the project.
These foundational assumptions impact everything from financial projections to marketing and HR, influencing the entire project. Based on these, opportunities (chance) and necessary changes (change) are identified and acted upon.
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay