ကြိုးစားတိုင်း
မအောင်မြင်တဲ့သူတွေ
တွေ့ဖူးလိမ့်မယ်။
စေတနာကောင်းတိုင်းလဲ
ကံပြန်မကောင်းတဲ့
အခိုက်အတန့်တွေတွေ့ရှိဖူးလိမ့်မယ်။
တရားမျှတမှုကိုလိုက်ရှာပြီး
မတွေ့တဲ့အချိန်တွေ အများကြီးတွေ့ဖူးလိမ့်မယ်။
လောကနိယာမ အရ
ကြိုးစားတဲ့သူ အောင်မြင်တာမဟုတ်ဘူး။
မှန်ကန်တဲ့အချိန်၊ မှန်ကန်တဲ့နေရာမှာ၊
မှန်ကန်တဲ့သူတွေနဲ့တွေ့ပြီး၊
မှန်ကန်တဲ့အလုပ်လုပ်နေတာမှ
အောင်မြင်စေတာ။
စေတနာကောင်းတိုင်းကံကောင်းတာမဟုတ်ဘူး။
ပညာကောင်းမှ ကံကောင်းတာ။
ပညာဆိုတာ ကိုယ်လုပ်တဲ့အလုပ်ရဲ့
နောက်ဆက်တွဲကို သေချာနားလည်တာ။
ပညာကောင်းရင်
ကာယကံ၊ ဝဇီကံ၊ မနောကံကောင်းမယ်။
ပညာကောင်းပြီး
မှန်ကန်တဲ့အမြင်ရှိတဲ့အခါ
ကံကောင်းအောင်လုပ်ဆောင်နိုင်မယ်။
ဒါကြောင့် ဗုဒ္ဓက သမ္မာဒိဋ္ဌိ = ပညာ ကို
မဂ္ဂင်ရှစ်ပါးရဲ့ထိပ်ဆုံးမှာထား
သင်ကြားပေးခဲ့တယ်။
လောကကြီးက မတရားဘူး။
ဒါကို လက်ခံဖို့လိုတယ်။
လူ့လောက ကတော့မတရားဘူး။
သံသရာကတော့ တရားနိုင်တယ်။
နောက်ပေးတာနဲ့တန်တာပြန်မရဘူး။
များများပေးပြီး နည်းနည်းရတာဖြစ်နိုင်တယ်။
နည်းနည်းပေးပြီး များများရတာဖြစ်နိုင်တယ်။
နည်းနည်းပေးပြီး များများရဖို့
လူတွေက ပညာသင်ပြီး
နည်းပညာထွင်ကြတယ်။
Phyo Paing @ Derek