စံမီအောင် စီမံကြတယ်။
စီတယ်ဆိုတာ စုစည်းခြင်း။
စီတယ်ဆိုတာ စနစ်ကျအောင်ပြုလုပ်ခြင်း။
စီတယ်ဆိုတာ အစီအရီဖြစ်အောင်ပြုလုပ်ခြင်း။
စီတယ်ဆိုတာ တူရာတူရာစုစည်းခြင်း။
စီတယ်ဆိုတာ နေရာမှန်လူမှန်ချထားခြင်း။
မံတယ်ဆိုတာ မွမ်းမံခြင်း။
မွမ်းမံတယ်ဆိုတာ ပိုကောင်းအောင်ပြုပြင်ခြင်း။
စံဆိုတာ စံနှုန်း။
စံနှုန်းဆိုတာ ပြည့်မီရမည့်
အခြေခံ သတ်မှတ်ချက်။
အလုပ်လုပ်ပုံ စံနှုန်း။
ဒီဇိုင်းရဲ့ စံနှုန်း။
အရေအသွေးရဲ့ စံနှုန်း။
မြန်ဆန်မှု စံနှုန်း။
ဘာတွေကို စီပြီး
ဘယ်လိုတွေ မံလဲ။
လုပ်ငန်းတွင်းမှာ လူတွေရဲ့
ကျွမ်းကျင်မှု၊ အားသာမှုအလိုက်
မတူညီတဲ့ လုပ်ငန်းဆောင်တာတွေမှာလုပ်ဖို့
စီစဥ်ပေးတယ်။
မားကတ်တင်း စီမံခန့်ခွဲမှုလုပ်တဲ့အခါ
ဖောက်သည်တွေကို ပုံစံ တူရာတူရာစုတယ်။
အလုပ်တွဗကို ပုံစ တူရာစုပြီး တာဝန်ချတယ်။
မံတယ်ဆိုတာ ပြုပြင်မွမ်းမံတာဖြစ်တယ်။
ဒါကြောင့် စီမံခန့်ခွဲမှုမှာ PDCA ဆိုတာရှိတယ်။
Plan, Do, Check, Act တဲ့။
စီစဥ်၊ လုပ်ဆောင်၊ ပြန်စစ်၊ မွမ်းမံ။
စံမီဖို့ စီမံကြတဲ့အခါ
ကိုယ့်ရဲ့ စံနှုန်းကို အမြဲမေးရတယ်။
စီမံတယ်ဆိုတာ လုပ်ငန်းနဲ့ပဲဆိုင်တာမဟုတ်။
လူတိုင်းနဲ့ ဆိုင်တယ်။
တစ်ရက်တစ်ရက်ကို အချိန်ကို
ဘယ်လို စီစဥ်ပြီး လုပ်ရပ်တွေကို မွမ်းမံမလဲ။
ဒါကလဲ စီမံမှုတစ်ခုပဲ။
ကိုယ့်စံနှုန်းတွေ၊ မြန်နှုန်းတွေ၊
ကြံနှုန်းတွေ မရောက်သေးဘူးဆိုရင်
စံမီဖို့ စီမံဖို့ကို ပြန်စဥ်းစားဖို့လိုနိုင်တယ်။
ရည်မှန်းချက်ပန်းတိုင်တွေရောက်ဖို့အတွက်တော့
စီမံခြင်းကလဲ အရေးကြီးတယ်။
လူတစ်ယောက်ဘဝမှာ
ပျော်ဖို့၊ တော်ဖို့၊ ပွားဖို့ (ငွေ)၊ ပေးဖို့ (ပေးဆပ်)
၁။ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့အလုပ်
Mastery
၂။ သူစိမ်းကိုအသိ၊ အသိကိုဖောက်သည်၊
ဖောက်သည်ကို အမာခံပရိသတ်၊
အမာခံပရိသတ်ကို အတွင်းလူပြောင်းနိုင်တဲ့
Marketing
၃။ စီမံခန့်ခွဲတတ်မှု
Management လိုတယ်လို့ ယူဆပါတယ်။
Phyo Paing @ Derek
#drphyopaing