နေရာဟောင်းမှာ အိမ်သစ်ဆောက်ဖို့
အိမ်ဟောင်းကို ဖြိုဖို့လိုတယ်။
ပိုကောင်းတဲ့အနာဂတ်အတွက်
အတိတ်က အတွေးအခေါ်
အယူအဆဟောင်းတွေကို
စွန့်လွတ်ရတဲ့ အချိန်တွေရှိတယ်။
သမီးရည်းစားကွဲသွားတဲ့အခါ
လူအများသိထားတဲ့ ပေါင်းစည်းထားတဲ့
identity ကို စွန့်လွတ်ဖို့ကြိုးစားရတယ်။
အစွဲတွေ ချွတ်ဖို့ အရင်အတွေးအခေါ်
အယူအဆတွေကို စွန့်လွတ်ရတယ်။
ဘောင်အပြင်ဖက်ကနေတွေးနိုင်ဖို့
ဘောင်ကို စွန့်လွတ်ရတယ်။
စွန့်လွတ်နိုင်တဲ့ သတ္တိရှိသွားရင်
လောကဓံကို ရင်ဆိုင်တဲ့နေရာ
တော်တော်လေး အထာကျသွားပြီ။
Phyo Paing @ Derek