ဆရာတော် သစ်နော့ဟန်ကို
အင်္ဂလိပ်ဂျာနယ်လစ်တစ်ယောက်ကမေးတယ်။
ဆရာတော်ဘုရား ကမ္ဘာပေါ်မှာ
အဓိကဖြစ်နေတဲ့ ပြဿနာက
ဘာလို့ ထင်ပါသလဲ ဘုရား။
အငတ်ဘေးလား၊ ဆင်းရဲမွဲတေမှုလား၊
သဘာဝပတ်ဝန်းကျင် ပြဿနာလား။
ဆရာတော သစ်နော့ဟန်က
ဒါနဲ့ အင်္ဂလိပ်ဂျာနယ်လစ်ကိုမေးတယ်။
“သင်က ဘယ်သူလဲ?”
ကျွန်တော်က ဂျာနယ်လစ်လေ။
ဒါက “သင့်ရဲ့ အလုပ်လေ”။
ကျွန်တော်က အင်္ဂလိပ်လူမျိုး။
ဒါက “သင့်ရဲ့ လူမျိုး”။
ဒါဆို ကျွန်တော်က လူပေါ့။
“ဒါက သင့်ရဲ့ species မျိုးရိုး”။
ဟင် ဒါဆို ကျွန်တော်က ဘယ်သူလဲ။
အဲ့ဒါပဲလို့ ဆရာတော် သစ်နော့ဟန်ကဆိုတယ်။
လောကမှာ ကြုံတွေနေရတဲ့
အကြီးမားဆုံးပြဿနာက လူတွေက
ကိုယ်ဘယ်သူလဲဆိုတာ မသိတဲ့ပြဿနာပဲတဲ့။
ဗုဒ္ဓကတော့ “ငါ”ဆိုတာမရှိဘူး။
“အနတ္တ”လို့ ဟောတယ်။
“အနိစ်စ၊ ဒုက်ခ၊ အနတ်တ”။
အနတ်တဆိုတာ non-self.
ဒီနေ့မှာ ကိုယ့်ရဲ့အချစ်ဆုံး
မိသားစု၊ သမီးရည်းစား၊ လင်မယားကလဲ
တချိန် ခွဲခွာရမှာပဲ။
ရှင်ကွဲနဲ့ သေကွဲပဲကွာတယ်။
နောက် ဒီနေ့ကိုယ့်ကိုကိုယ်ထင်ထားမြင်ထားတဲ့
အထင်အမြင်တွေကလဲ
တစ်နေ့ ပြောင်းသွားအုံးမှာပဲ။
ဆယ်ကျော်သက်တုန်းကကိုယ်နဲ့
နှစ်ဆယ်ကျော်၊ သုံးဆယ်၊ လေးငါးခြောက်ဆယ်
မတူတော့ဘူးမဟုတ်လား။
ဒီနေ့မှာ ကိုယ်ဝန်ဆောင်မှုပေးနေရတဲ့
ဖောက်သည်ကလဲ မနက်ဖြန်
ကိုယ့်ဖောက်သည် ဟုတ်ချင်မှဟုတ်တော့မယ်။
အရေးကြီးတာ ကိုယ်နဲ့တွေ့တုန်း
အကောင်းဆုံးဝန်ဆောင်မှုပေးခဲ့ဖို့ပဲ။
ဒါကြောင့် ကိုယ့်ရဲ့အရင် identity ဟောင်းကို
စွန့်လွတ်ရမှာ မကြောက်နဲ့။
ကိုယ်လေ့လာထားတဲ့ အသက်မွေးဝမ်းကြောင်းကို
စွန့်လွတ်ပြီး အသစ်ပြန်စရမှာမကြောက်နဲ့။
ကိုယ်မွေးတဲ့နေရာကို စွန့်ခွာပြီး
အသစ်တစ်နေရာသွားရမှာ မကြောက်နဲ့။
ဝန်ဆောင်မှုပေးနေကျ ဖောက်သည်တွေကနေ
ဖောက်သည်ပုံစံအသစ်တွေကို
ဝန်ဆောင်မှုပေးရမှာ မကြောက်နဲ့။
ကိုယ့်ဘယ်သူလဲဆိုတဲ့ identity ဟောင်းကို
စွန့်လွတ်ရမှာ မကြောက်နဲ့။
လူတိုင်းတစ်နေ့ ငယ်ရွယ်မှု၊
ချမ်းသာကြွယ်ဝမှု၊ ကျန်းမာရေး၊
ဒုက္ခ၊ သုခ အကုန်စွန့်လွတ်ရမှာဖြစ်တဲ့အတွက်
စွန့်လွတ်ရမှာ မကြောက်နဲ့။
Phyo Paing @ Derek