စွန့်လွတ်ရဲတာ သတ္တိ။
တခါတခါ ခြောက်နှစ်လောက်
အချိန်ပေးလေ့လာခဲ့တဲ့ပညာရပ်ကို
စွန့်လွတ်ပြီး နောက်နယ်ပယ်သစ်တစ်ခုကို
လေ့လာဖို့က သတ္တိလိုတယ်။
ဘယ်လောက်ပြင်ပြင်၊
ဘယ်လောက်ကြိုးစားစားအရာမထင်
တစ်သက်လုံးရှေ့ဆက်ရင်
အဆင်မပြေနိုင်တာ သိလာတဲ့အခါ
တရွတ်တိုက်ဆက်သွားဖို့ထက်
စွန့်လွတ်ဖို့က သတ္တိတွေလိုနိုင်တယ်။
အလုပ်မဖြစ်တဲ့ အမူအကျင့်၊
အလုပ်မဖြစ်တော့တဲ့ အတွေးအခေါ်၊
အလုပ်မဖြစ်တော့တဲ့ အသိုင်းအဝိုင်း၊
အလုပ်မဖြစ်တော့တဲ့ နေရာ
ဒါတွေကိုစွန့်လွတ်ရဲတဲ့ သတ္တိလိုတယ်။
မစွန့်လွတ်ရင် မလွတ်မြောက်ဘူး။
Phyo Paing @ Derek