Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

စွန့်လွတ်ရဲတဲ့သတ္တိရှိဖို့လိုနိုင်တယ်။

အလုပ်ပဲ လုပ်နေလို့မရဘူး။
လုပ်ငန်းတစ်ခုမှာ လုပ်ငန်းရှင်က
Do ပဲ လုပ်နေလို့မရဘူး။

လုပ်ငန်းရှင်က
Decide ဆုံးဖြတ်ချက်ချရတယ်။
နောက် အလုပ်တာဝန်လွဲပြောင်းမှု
Delegate လုပ်ရတယ်။

အဲ့ဒါထက် အရေးကြီးတာက
ကိုယ့်လုပ်ငန်းကို ဘယ်လိုပုံစံလည်ပတ်မလဲ
ဘာထုတ်ကုန်တွေရောင်းမလဲ၊
ဘယ်လိုဝန်ထမ်းတွေခန့်မလဲ၊
ဘာနည်းပညာတွေသုံးမလဲ၊
ပြဿနာအဖြေရှာဖို့ ဘယ်လိုစဥ်းစားမလဲ
Design လုပ်ရပါတယ်။

လုပ်ငန်းစတဲ့အချိန်
အကုန်ကိုယ်လုပ်ရမှကျေနပ်တာ Okay တယ်။
ဒါပေမယ့် အချိန်တစ်ခုရောက်လာရင်
ကိုယ်ကြီးလုပ်လို့မရတော့ဘူး။
ဘယ်အလုပ်တွေကို လွဲမယ်၊
ဘယ်ဆုံးဖြတ်ချက်ကိုယ်ချမယ်။
ဘယ်ဆုံးဖြတ်ချက်ကိုတော့
ဝန်ထမ်းတွေကို ချဖို့ပေးမယ်။
တာဝန်တွေလွဲပြောင်းဖို့ စဥ်းစားရပြီ။
လုပ်ငန်းဘယ်လိုလည်မလဲ
ဒီဇိုင်း Design သေချာလုပ်ရမယ်။

အလုပ်အကြိုးစားဆုံးသူသာ
အောင်မြင်ကြေးဆို
အလုပ်ကြိုးစားသူတိုင်းအောင်မြင်နေနိုင်တယ်။

နောက်တစ်ဆင့်တက်ဖို့
အရင်နည်းဟောင်းတွေ၊
အတွေးအခေါ်အဟောင်းတွေကို
စွန့်လွတ်သင့်ရင်
စွန့်လွတ်ရဲတဲ့သတ္တိရှိဖို့လိုနိုင်တယ်။

Akyanpay
ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​