Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

စွန့်ဦးတီထွင်မှုဟာ ရင်ခုန်စရာကောင်းတဲ့
ကစားပွဲတစ်ခုပဲ။

စွန့်ဦးတီထွင်မှုဟာ ရင်ခုန်စရာကောင်းတဲ့
ကစားပွဲတစ်ခုပဲ။
ဒို့မြန်မာပြည်မှာတော့
တက်ကျမ်းတို့၊ စွန့်ဦးတီထွင်တို့ဆိုတာ
ဟာသတစ်ခုလိုဖြစ်နေတတ်ကြတယ်။

တခါတလေ အနောက်တိုင်းကမြင်တဲ့အမြင်၊
တရုတ်က မြင်တဲ့အမြင်၊
ကျွန်တော်တို့ ပြည်တွင်းက
မြင်တဲ့အမြင်က တော်တော်လေးကွာတယ်။

အမြင်မတူရင် အမြင့်မတူနိုင်ဘူး။

အမေရိကန်က ကလေးတွေက
မွေးကတည်းက ကမ္ဘာကြီးကိုပြောင်းလဲနိုင်တယ်လို့
သူတို့ မိဘတွေက သင်ကြတယ်။
တရုတ်က စီးပွားရေးလုပ်
ချမ်းသာနိုင်တယ်လို့သင်ကြတယ်။
ပြည်တွင်းမှာတော့ အားလုံးသိတဲ့အတိုင်းပဲ။

အဲ့လိုပဲ အမေရိကန်နည်းပညာတွေနဲ့
ကမ္ဘာကြီးကို ပြောင်းလဲတယ်။
တရုတ်က အကောင်အထည်ဖော်မှုပိုင်းမှာ
ပိုကောင်းအောင် လုပ်တဲ့နည်း၊
Business model innovation နဲ့ပြိုင်တယ်။

လူတစ်ယောက်ရဲ့ လောကအမြင်က
အရေးကြီးတယ်။

အပြစ်တင်တာများပြီး အဖြေရှာတာနည်းတဲ့
နေရာတစ်ခုမှာ အလုပ်လုပ်ရင်
လုပ်သလို ရှေ့ရောက်တာပဲ။

တရုတ်လိုနေရာမှာ အလုပ်လုပ်တိုင်းရှေ့မရောက်ဘူး။
လူအများစုက ဆာလောင်ပြီး
အရှေ့ရောက်ဖို့ အဖြေရှာနေကြတယ်။

ကျွန်တော်တို့ဆီမှာ စားဖို့သောက်ဖို့ရှိ၊
အင်တာနက်လိုင်းရှိပြီး၊
ဖုန်းရှိရင် ဘဝကို အပြောင်းအလဲလုပ်လို့ရတယ်။

ဘဝခက်ခဲတာတော့
လောကဓံရှစ်ပါး
လူတိုင်း အနည်းနဲ့အများဖြစ်နေမှာပဲ။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​