Mindset နဲ့ Skillset တင်မရဘူး။ ဒီနောက်ကွယ်ကရှိတဲ့ Physical, Mental, Emotional and Spiritual fitness ကောင်းဖို့လဲလိုတယ်။
စိတ်အမြင်သဘောထားတွေ ကောင်းနေပြီး ကျန်းမာရေးမကောင်းရင်လဲ စွမ်းဆောင်ရည်မမြင့်ဘူး။ အတွေးမရှင်းရင်လဲ စွမ်းဆောင်ရည်ကောင်းဖို့မလွယ်ဘူး။ ဦးနှောက်အာရုံနောက်နေတဲ့ အချိန်မျိုး လူတိုင်းဖြစ်ဖူးကြတယ်။ ဒါက အိပ်ရေးမဝလို့၊ အစားအသောက်ကြောင့်၊ ဒါမှမဟုတ် ဆေးဝါးကြောင့်ဖြစ်တတ်တယ်။ ဒါကလဲ ဂရုစိုက်ဖို့လိုတယ်။ နောက် စိတ်ခံစားမှုမကောင်းရင်၊ ရည်းစားနဲ့ပြတ်ထားရင်လဲ စိတ်ခံစားမှုက မကောင်းဘူး။ နောက် ဘဝမှာ တစ်ရက်တစ်ရက် အသက်ရှင်နေပြီး ဘာကြောင့်အသက်ရှင်နေလဲ ရည်မှန်းချက်မရှိရင်လဲ စွမ်းဆောင်ရည်က အကန့်အသတ်ရှိတယ်။
Phyo Paing @ Derek