တချို့လူတွေကအမြဲတက်ကြွနေတယ်။
တချို့ကျ နွမ်းနယ်နေတယ်။
အိပ်ချိန်တူရင်တောင် စွမ်းအင်မတူကြဘူး။
စွမ်းအင်က ဘဝတည်ဆောက်ရေးအတွက်
အခရာကျပါတယ်။
စွမ်းအင် = (ဇီဝဗေဒ × စိတ်ပညာ × ပတ်ဝန်းကျင်)
လို့အကြမ်းမှတ်လို့ရနိုင်တယ်။
ကိုယ်ဘယ်လိုစားသောက်တယ်၊
ဘယ်လောက်ကြာကြာအိပ်စက်တယ်
ဒီနှစ်ခုနဲ့ပဲဆိုင်တာမဟုတ်ပါဘူး။
ကိုယ့်ခန္ဓာကိုယ်၊ စိတ်နဲ့ ပတ်ဝန်းကျင်
ဒီသုံးခု အလုပ်လုပ်ပုံပေါ်မူတည်ပါတယ်။
🧬 ဇီဝဗေဒ (Biology)
ကိုယ့်ရဲ့ ဇီဝကမ္မဖြစ်စဉ်၊ ဟော်မုန်းတွေ၊
အာဟာရနဲ့ လှုပ်ရှားမှုတွေက
ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်အခြေခံကို
ဖန်တီးပေးတယ်။
🧠 စိတ်ပညာ (Psychology)
ကိုယ့်ရဲ့ စိတ်ခံစားမှု၊ အာရုံစိုက်မှုနဲ့
ရည်ရွယ်ချက်ရှိရှိ နေထိုင်မှုတို့က
စွမ်းအင်တွေ စီးဆင်းစေနိုင်သလို
ယိုစိမ့်ပျောက်ကွယ်သွားစေနိုင်ပါတယ်။
🌍 ပတ်ဝန်းကျင် (Environment)
ကိုယ့်ပတ်ဝန်းကျင်က လူတွေ၊ နေရာ၊
အလင်းရောင်နဲ့ အသံတွေက
ကိုယ့်ကို အားပြန်ဖြည့်ပေးနိုင်သလို၊
ကိုယ့်စွမ်းအင်တွေကို
ကုန်ခန်းသွားအောင်လည်း လုပ်နိုင်ပါတယ်။
စွမ်းအင်ပြည့်ဝ နိုးကြားတက်ကြွဖို့
သေချာ ဒီဇိုင်းလုပ်ဖို့လိုတယ်။
နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလို နေတာက
ဘဝရဲ့အကောင်းဆုံးရွေးချယ်မှုမဟုတ်ပါဘူး။
Phyo Paing @ Derek