ကြိုးစားရုံနဲ့ မတိုးတက်ဘူး။
တိုးတက်ဖို့ “စ” ၇ လုံးလိုတယ်။
၁။ စူးစမ်း
၂။ စမ်းသပ်
၃။ စိစစ်
၄။ စီမံ
၅။ စတင်
၆။ စံထား
၇။ စနစ်ချ
ကိုယ့်ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့
သတင်းအချက်အလက်၊ ပညာရပ်တွေ
စူးစမ်းလေ့လာ။
လေ့လာထားတဲ့ အချက်အလက်တွေ
ကိုယ်နဲ့ ကိုက်မကိုက် စမ်းသပ်အသုံးချ။
ရလဒ်တွေကို ပြန်လည်စိစစ်။
ရလဒ်ကောင်းတွေကို ရွေးချယ်။
ဒီပေါ်မူတည်ပြီး အနာဂတ်အတွက်
စီမံ ပလန်ချ။
စတင်လုပ်ဆောင်။
လုပ်ရပ်တွေကို ပြန်လည်သုံးသပ်ပြီး
ဘယ်အချိန်မှာ၊ ဘာအလုပ်ကို
ဘယ်လိုစံနှုန်းနဲ့လုပ်ရမယ် စံထား။
ထပ်ခါထပ်ခါ လုပ်ဆောင်ရမည့်အလုပ်တွေကို
အချိန်ကုန်၊ လူပန်းသက်သာအောင် စနစ်ချ။
Phyo Paing @ Derek