အခက်အခဲ တိုင်းက
အခွင့်အခါ ပဲ။
အခွင့်အခါဆိုတာ ခေတ်ကောင်းရင်တစ်ခါ၊
ခေတ်ပျက်ရင်တစ်ခါ။
တရုတ်မှာ ကျိန်စာတိုက်ရင်
May you live in interesting times.
စိတ်ဝင်စားစရာကောင်းတဲ့အချိန်မှာ
နေရပါစေတဲ့။
အဘိုးအဘွားခေတ်က ဒုတိယကမ္ဘာစစ်၊
ယဉ်ကျေးမှုတော်လှန်ရေး။
အဖေ၊ အမေခေတ်က ပြည်သူပိုင်သိမ်း။
ကိုယ့်ခေတ်က ကိုဗစ်နဲ့ ကိုစစ်။
အခက်အခဲတိုင်းကို စိတ်ညစ်နေမည့်အစား
ကိုယ်ပြောင်းဖို့၊ ပိုကောင်းဖို့
အခွင့်အခါ လို့ပဲ နှလုံးသွင်းပြီး
ဆက်လိမ့်နေရမှာပဲ။
အရှိန်ရရင် ပျံသန်းကြမယ်။
Phyo Paing @ Derek