Formula လိုတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ကျွန်တော်တို့ခေတ်က
သင်္ချာကို အခန်း ၈ circle ထိပဲကြည့်။
အခန်း ၁၂ differentiation လောက်ထိကို
တစ်မှတ်တန်ပဲလုပ် ဂုဏ်ထူးထွက်ပါတယ်။
Bio မှာ Rabbit ကနေအဆုံးထိကျက်
Plant အပိုင်းတွေကို နည်းနည်းဖတ်
ဂုဏ်ထူးထွက်တယ်။
English စာဆို Calendar ကနေ
Helen Keller ထိဘာမှမရှိလှဘူး။
Poem နဲ့ Grammar ကြည့်ရင် ၂၀ မှတ်လောက်က
အလကားရနေတာ။
စာတွေသိပ်မကွာလှဘူးလို့ထင်တာပဲ။
ထားပါတော့။
ကျွန်တော်လဲ
တစ်သက်လုံး စာမေးပွဲဖြေလာတာလို့
ပြောလို့ရတယ်။
ဆေးကျောင်းပြီးပြီးချင်း
ABE Graduate Diploma ကို
လေးလခွဲလောက်နဲ့ ပြီးအောင်စာမေးပွဲအောင်ဖို့
Formula ထုတ်ရတယ်။
၂၀၁၅ မှာ ကိုယ်ပိုင်သင်တန်းကျောင်းဖွင့်
DBA စသင်တယ်။
UK တို့ရဲ့ သဘာဝအတိုင်း Question bank နဲ့
ဖြေရမည့်အရာတွေ guide လုပ်ပေးခဲ့လို့
မြန်မာတစ်နိုင်ငံလုံး အောင်ချက်နဲ့ ဂုဏ်ထူး
အထွက်ဆုံးဖြစ်ခဲ့တယ်။
Formula ကောင်းကြောင့်လို့မြင်တယ်။
ဆက်စပ်စဉ်းစားကြည့်မိတယ်။
အရာရာမှာ Formula နဲ့ Framework
လိုတယ်လို့ထင်တယ်။
ဥပမာ ကျွန်တော်တို့
ဗုဒ္ဓဘာသာမှာလဲ Framework တွေရှိတယ်။
သစ္စာလေးပါးဆိုတဲ့ အမှန်တရားရှိတယ်။
ဒီ cycle ထဲကထွက်ချင်ရင် မဂ္ဂင်ရှစ်ပါးရှိတယ်။
ဆက်စပ်စဉ်းစားကြည့်တာပါ။
ဘဝမှာ အရေးမကြီးတဲ့အပိုင်းတွေကို
Automate လုပ်တယ်။
တချို့အပိုင်းတွေကို Formula နဲ့ Framework
ရှာတယ်။
ကြိုးစားရုံနဲ့မရဘူး။
Formula ကောင်းလိုတယ်။
စီးပွါးရေးနဲ့ marketing မှာလဲ အလားတူပါပဲ။
(P.S – ကျွန်တော်တို့ခေတ်ကဆိုတော့ ခုခေတ်နဲ့ သိပ်မကွာလှဘူးလို့ ယူဆပါတယ်။)
Phyo Paing @ Derek